Patron အမည်ရှိ မိုင်းအနံ့ခံ ခွေးလေးကို မေလ ၈ ရက်နေ့မှာ ကျင်းပတဲ့ ဆုပေးပွဲမှာ ယူကရိန်းသမ္မတ Zelensky က ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီခွေးလေးဟာ ဖေဖော်ဝါရီလမှာ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာချိန်မှစပြီး ရာနှင့်ချီတဲ့ ဖောက်ခွဲရေးပစ္စည်းများကို ရှာဖွေပေးခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းနိုင်ငံတော် အရေးပေါ်ဝန်ဆောင်မှုမှ Telegram မှာ တင်ထားခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ကနေဒါဝန်ကြီးချုပ် Justin Trudeau ရဲ့ဘေးမှာ ရပ်နေတဲ့ သမ္မတ Zelensky ဟာ အသက် ၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခွေးလေးကို ဆုတံဆိပ်တစ်ခု ချီးမြှင့်ပေးခဲ့တာ တွေ့ရပါတယ်။


ခွေးကလေး Patron ကြောင့် ရုရှားတွေရဲ့ မြေမြုပ်မိုင်းတွေ ဗုံးတွေ ဖေါ်ထုတ်နိုင်ခဲ့သလို လူ့အသက်များစွာကာကွယ်နိုင်ခဲ့လို့ ဆိုပါတယ် ။ ဆုပေးပွဲကို ကိယက်ဗ်မြို့တော်ကိုရောက်ရှိနေတဲ့ ကနေဒါ၀န်ကြီးချုပ် Justin Trudeau နဲ့အဖွဲ့လည်းတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကနေဒါဝန်ကြီးချုပ်က အဆိုပါ ပွဲမှာ"ပူတင်ကြောင့် ပျက်စီးသွားတာကို ကျွန်တော်တို့ မြင်ခဲ့ရပေမယ့် ယူကရိန်းနိုင်ငံသားတွေရဲ့ ခွန်အားနဲ့ ရဲစွမ်းသတ္တိကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီး ဆက်လက်တိုက်ပွဲဝင်နိုင်အောင် သူတို့ကို ဆက်လက်အားပေးထောက်ခံသွားမှာပါ" ဟု ပြောကြားခဲ့ပါတယ်။


လူချစ်လူခင်များတဲ့ ခွေးလေး Patron အပါအဝင် စစ်ပွဲရဲ့ သူရဲကောင်းများစွာထဲက တချို့ကိုလည်း သမ္မတ Zelensky ကိုယ်တိုင် ဆုတံဆိပ်တွေ ချီးမြှင့်ပေးခဲ့ပါတယ်။ စစ်ပွဲစတင်ချိန်ကစပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီး အလုံး ၂၀၀ ကျော်ကို ခွေးလေး Patron ရှာဖွေပေးခဲ့တာ ဖြစ်ပါတယ်။ ခွေးလေး Patron စာ လူမှုကွန်ယက်မှာ လူချစ်သူခင်များခဲ့ပြီး နာမည်ကြီးနေတဲ့ ခွေးလေးတစ်ကောင်းပဲ ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Source - ABC New