“ဝ”ဒေသက သတ္တုတွင်းမှာ မိုင်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်ပြီး လူအများအပြား သေဆုံးခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/1f/1f381438728b9c6dd6ccc647f5d39ec533df0d6a.jpg
နေ့စဉ်သတင်းများ

 ၀၇-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

“ဝ”ပြည်နယ် တပ်မတော် (UWSA)ထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ ဝိန်းကောင်အနီးရှိ သတ္တုတွင်းမှာ ပြီးခဲ့တဲ့ မေလ ၄ ရက်က မိုင်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မိုင်းဂိုဒေါင် ပေါင်ကွဲမှုကြောင့် အလုပ်သမား ဒါဇင်နဲ့ချီ သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်များရဲ့ ဖော်ပြချက်တွေမှာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=472,q=100/0d/0df05a782b10b74cfff4b112696fb5804cf49845.jpg

မီးလောင်မှုဖြစ်ပွား ရာကနေ မိုင်းပစ္စည်း သိုလှောင်ထားတဲ့ ဂိုဒေါင်ကို မီးကူးစက်ခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အပျက်အစီးတွေအောက်မှာ အလောင်း ၉ လောင်းထက်မနည်း တွေ့ရှိခဲ့သလို ဒဏ်ရာရသူတွေလည်း များစွာရှိတယ်လို့ ပျံ့နှံ့လာတဲ့ သတင်းများအရ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=480,q=100/ff/ff4f6bccb8437f10667bd85acc8fb7d9a43842ef.jpg
https://s9.kh1.co/__image/w=650,h=455,q=100/be/bee9d93818ea8350663a0cced16b7ba8bcc1c911.jpg

ဒါ့အပြင် နောက်ထက် ပျောက်ဆုံးနေသူတွေကိုလည်း ဘတ်ဖိုးတွေဖြင့် မြေတွေတူးပြီး ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ ဂိုဒေါင်မှာ မိုင်းပေါင်း ဖာ(၅၀၀) သိုလှောင်ထားတာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မိုင်းပေါက်အနီးထိ မြေလှုပ်ခဲ့ပြီး အဲဒီသတ္ထုတွင်းက တောင်တွေ စက်ယန္တယားတွေ အကုန်လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်Source - ရွှေဖီမြေ

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T