တောင်အမေရိက တိုက်ပီရူးနိုင်ငံ Barranca မြို့မြောက်ပိုင်း (၃၀) မိုင်ခန့်အကွာမှ မဂ္ဂနီကျု (၇.၅) အဆင့် အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် အဆောက်အဦးအချို့ ပျက်စီးသွားသလို လမ်းအများအပြားလည်း ပျက်စီးသွားခဲ့တယ်။ အဆိုပါ ငလျင်ဟာ အလွန်ပြင်းထန်သော်လည်း ပျက်စီးမှုနှင့် အသေအပျောက် လျော့နည်းခဲ့ပါတယ်။ ငလျင်ဟာ နံနက် (၅) နာရီ (၅၂) မိနစ် (၁၀၅၂ ဂရင်းနစ်စံတော်ချိန်) တွင် လှုပ်ခတ်ခဲ့ပြီး ဗဟိုအချက်ချာဖြစ်တဲ့ ဘာရန်ကာမြို့ရဲ့ အနောက်မြောက်ဘက် ၄၂ ကီလိုမီတာ (၂၆ မိုင်) အကွာ အမေဇုန်ဒေသပဲဖြစ်ပါတယ်။
အမေဇုန်ဒေသရှိ La Jalca ခရိုင်ရှိ ဘုရားကျောင်းတစ်ကျောင်းလည်း ပြိုကျခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့သလို ပီရူးရှိ Amazonas နှင့် Cajamarca ဒေသများရှိ အဝေးပြေးလမ်းအများအပြားလည်း ပျက်စီးသွားခဲ့ရပါတယ်။ ဒါ့အပြင် လီမာမြို့တော်ရဲ့ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) နီးပါးအကွာမှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပါတယ်။
လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တွေအရ Barranca မြို့မြောက်ပိုင်း (၃၀) မိုင်ခန့်အကွာမှာ အားပြင်းငလျင်လှုပ်ခတ်သွားခဲ့ပြီးနောက် ငလျင်ဗဟိုချက်ဖြစ်တဲ့ အဝေးပြေးလမ်းမကြီးဟာ ရစရာမရှိအောင် ဆိုးရွားစွာပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ ငလျင်လှုပ်ခတ်ခဲ့ပေမယ့် လူသေဆုံးမှုတစ်ဦးသာရှိခဲ့ပြီး ဒဏ်ရာရရှိသူ အနည်းအကျဥ်းမျှသာ ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source - Oscar Ve / FOX 13 Seattle