ပြီးခဲ့တဲ့နှစ်က ခြေစွမ်းကောင်းတွေကို ပြသခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက် လူငယ်ကစားသမားတွေထဲ Pedri ၊ Fati ၊ Puig တို့က ထိပ်ဆုံးက ပါဝင်လျက်ရှိနေပါတယ်။ Puig က နည်းပြရော်နယ်ကိုးမန်းလက်ထက်ရောက်မှ ပွဲထွက်ကစားခွင့်မရ ဖြစ်နေတာ ဖြစ်ပြီး နည်းပြ Setien လက်ထက်က ရံဖန်ရံခါပွဲထွက်ကစားခွင့် ရရှိခဲ့သူဖြစ်ပါတယ်။ Puig ကတော့ သူပါဝင်ကစားတဲ့ ပွဲစဥ်တိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။



အသက်(၂၂)နှစ်အရွယ်ရှိ စပိန်လူငယ်ကစားသမားလေး Puig ဟာ ရုပ်ရည်လည်း ချောမောသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယခုမှာတော့ ဘာစီလိုနာကွင်းလယ်လူ Puig ဟာ ပရိသတ်တွေကို ဖော်ရွေစွာဆက်ဆံပေးနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု လူမှုကွန်ယက်စာမျက်နှာထက် ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါဗီဒီယိုဖိုင်ထဲမှာ ပရိသတ်တွေက လက်မှတ်ထိုးပေးဖို့ တောင်းဆိုနေတာ မြင်တွေ့ရပြီး Puig က ပရိသတ်တွေကို စိတ်ရှည်ရှည်နဲ့ အမှတ်တရလက်မှတ် ထိုးပေးနေခဲ့တာပဲ ဖြစ်ပါတယ်။



Puig က အမှတ်တရလက်မှတ်ရေးထိုးပေးတဲ့ အပြင် ပရိသတ်တွေနဲ့အတူ ဓာတ်ပုံတွဲရိုက်တာတွေပါ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ခင်အားပေးရတဲ့ နာမည်ကျော်ဘောလုံးသမားကို အနီးကပ်မြင်တွေ့ခွင့်ရတဲ့အပြင် အမှတ်တရဓာတ်ပုံပါ တွဲရိုက်ခွင့်ရခဲ့တဲ့ အဆိုပါပရိသတ်တွေအနေနဲ့ အတိုင်းမသိဝမ်းသာ ပျော်ရွှင်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို အမှတ်တရလက်မှတ်ရေးထိုးပေးနေတဲ့ ဘာစီလိုနာအသင်းရဲ့ လူငယ်ကစားသမားလေး Puig ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder


