လတ်တလော နိုင်ငံရေးအခြေအနေနဲ့ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါကြောင့် မြန်မာပြည်သူတွေကတော့ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရရှာပါတယ်။ ဒီလိုအဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့ ပြည်သူတွေအပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီလုပ်ဆောင်ပေးနေတဲ့ ပရဟိတအသင်းတွေကိုလည်း စေတနာရှင် ပြည်သူတွေက စုဆောင်းထားကြတဲ့ ငွေများနဲ့ အကြပ်အတည်းတွေကြားထဲကနေ ကူညီလှူဒါန်းပေးကြတွေလည်း ရှိပါတယ်။


ယခုမှာလည်း ပြည်သူတွေကို နေ့ရောညပါကူညီလုပ်ကိုင်ပေးနေတဲ့ We love Natoegyi ပရဟိတအသင်းရဲ့ လူမှုကွန်ယက်မှာတော့ အသက် (၇)နှစ်အရွယ် ကလေးမလေးတစ်ယောက်ရဲ့ လေးစားစရာ လုပ်ရက်လေးကို ဖော်ပြပေးလာတာ တွေ့ရပါတယ်။ ဒီကလေးမလေးဟာ သူ့ရဲ့ အသက်(၇)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် လပေါင်းကြာရှည်စွာ စုဆောင်းထားတဲ့ မြေအိုးစုဗူးလေးကိုပိုက်ပြီး ပရဟိအသင်းမှာ ကိုယ်တိုင်လာရောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။


ကုသိုလ်ကိုအားကျတဲ့စိတ်ကလေးနဲ့ မစားရက် မသောက်ရက်နဲ့ စုဆောင်းထားတဲ့ ချွေးနှဲစာလေးတွေကို အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့တဲ့ စေတနာရှင် ကလေးမလေးရဲ့ လုပ်ရက်လေးကတော့ တကယ့်ကို လေးစားဖို့ကောင်းပါတယ်။ ဒီကလေးမလေးရဲ့ လေးစားစရာ လုပ်ရက်လေးနဲ့ ပတ်သက်ပြီး We love Natoegyi ပရဟိတအသင်းရဲ့ လူမှုကွန်ယက်မှာ ချီးကျူးဂုဏ်ပြုကာ ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေလည်း အသက် (၇)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့တဲ့ စေတနာရှင် ကလေးမလေးကို ဆုတောင်းမေတ္တာပို့သပေးလိုက်ပါဦးနော်။

သတင်း အရင်းအမြစ်៖ Source - We love Natoegyi fb page