ခုလို မိုးရာသီမှာ ငှက်ဖျားရောဂါဟာ ဖြစ်တက်လေ့ရှိပြီး စာဖတ်သူတွေလည်း သတိပြုမှု ဂရုစိုက်သင့်ပါတယ်။ ငှက်ဖျားရောဂါ ကူးစက်မှုဟာ တစ်နှစ်ကို ပျမ်းမျှအားဖြင့် သန်း၂၁၀ ရှိပြီး သေဆုံးမှုတွေဟာ ၄၄၀,၀၀၀ ထိရှိပါတယ်။ ထိုရောဂါကြောင်း သေဆုံးမှုတွေမှာ ကလေးသူငယ်တွေက ပိုများပြားပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ကလေးသူငယ်တွေအတွက်ရော မိမိအတွက်ပါကာကွယ်နိုင်အောင် နည်းလမ်းတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ငှက်ဖျားရောဂါကာကွယ်နည်းတွေကတော့ အကျီလက်ရှည်၊ ခန္ဓာကိုယ်အပြည့်အကာအကွယ်ပေးနိုင်သည့် အဝတ်အစားများကို ဝတ်ဆင်ပါ။ အဝတ်မဖုံးထားသောခန္ဓာကိုယ်အစိတ်အပိုင်းများကို ခြင်နိုင်ဆေးများသုတ်လိမ်းပါ။ အကြံပြုထားသော ခြင်နိုင်လိမ်းဆေးများတွင် DEET (N-Diethyl-meta-toluamide) ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းထိပါဝင်တဲ့ဟာကို အသုံးပြုပါ။ အခန်းတွင်း လေအေးပေးစက်သော်လည်းကောင်း၊ ခြင်လုံဇကာသော်လည်းကောင်း တပ်ဆင်ထားခြင်းမရှိလျှင် ခြင်ထောင် ထောင်ပြီးအိပ်ပါ။ ပို၍ဘေးကင်းစေရန် ပိုသတ်ဆေးဖြန်းထားသော ခြင်ထောင်ကိုသာအသုံးပြုပါ။ အပြင်ထွက်လျှင်လည်း အဝတ်မဖုံးထားသောခန္ဓာကိုယ်အစိတ်အပိုင်းများကို ခြင်နိုင်ဆေးများသုတ်လိမ်းခြင်းအပြင် အဝတ်အစားများကိုလည်း ခြင်နိုင်ဆေးများဖြင့် ဖြန်းနိုင်ပါတယ်။

ခြင်များသည် ပါးလွှာသောအဝတ်အစားများမှတဆင့် သင့်အရေပြားကို အလွယ်တကူ ကိုက်ခဲနိုင်သောကြောင့်ပဲဖြစ်ပါတယ်။ သင့်အိမ်နှင့်အနီးဝန်းကျင်တွင် စွန့်ပစ်ထားသော အစာဟောင်းများ၊ အမှိုက်များမရှိခြင်းဖြင့် သန့်ရှင်းအောင်ထားပါ။ ခြင်မှတဆင့်ရောဂါဖြစ်သည့်အခါ လွန်ကဲစွာအပူချိန်မြင့်ခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို သတိထား၍စောင့်ကြည့်ပါ။ ငှက်ဖျားရောဂါ၏ လက္ခဏာများ ပေါ်လာသည့်နှင့်တပြိုင်နက် ဆရာဝန်နှင့်တွေ့ဆုံပြီး ဆေးကုသမှုကိုခံယူပါ။ ခြင်များသည် ညဖက်တွင်ပို၍သွားလာလှုပ်ရှားတက်ပြီး ရောဂါကူးစက်မှုအန္တရာယ်အမြင့်ဆုံးကို ဖြစ်စေသောကြောင့် သင့်အိမ်၏ ပြတင်းပေါက်များ၊ တံခါးများကို ညဖက်တွင်ပိတ်ထားဖို့မမေ့ပါနှင့်။ ခြင်ထောင် (သို့) ခြင်နိုင်ဆေးများကိုအသုံးပြုခြင်းဖြင့် ပြတင်းပေါက်များကို နေ့ခင်းဖက်တွင် ဖွင့်ထားလည်းရပါတယ်။ ဆရာဝန်၏ ညွှန်ကြားချက်နှင့် ရောဂါအခြေအနေပေါ်မှုတည်၍ ငှက်ဖျားဆေးများကို သောက်သုံးသင့်ပါတယ်။

အကယ်၍ သင်သည် နေပူခံလိမ်းဆေးကိုသုံးစွဲသူဖြစ်လျှင် ပထမဦးစွာ ထိုနေပူခံလိမ်းဆေးကို အရင်လိမ်းပြီးမှ ထိုအပေါ်တွင် ခြင်နိုင်ဆေးကို သုတ်လိမ်းပေးနိုင်ပါတယ်။ နေပူခံလိမ်းဆေးကိုအသုံးပြုမည်ဆိုလျှင် SPF ၃၀ မှ ၅၀ ထိပါသော ဆေးကိုသာအသုံးပြုသည့်ပါတယ်။ ဆရာဝန်၏ညွှန်ကြားချက်များကို လိုက်နာပြီး အကယ်၍ ဆရာဝန်က ၂ ပတ်စာဆေးညွှန်းပေးသည်ဆိုလျှင် နှစ်ပတ်ကုန်သည်အထိ ဆေးကုသမှုကိုခံယူပါ။ ဆေးလိမ့်ပတ်လည်အောင်သောက်ပါ။ ယခုချိန်တွင် ငှက်ဖျားရောဂါကို ကုသနိုင်သည့်ဆေးမရှိသေးပါ။ ထို့အတွက်မို့ လိုအပ်သည့်ကြိုတင်ကာကွယ်မှုများပြုလုပ်ခြင်းနှင့် ဘေးကင်းစေမည့်ဆောင်ရွက်ချက်များကို လိုက်နာခြင်းကသာ ငှက်ဖျားရောဂါကို ရင်ဆိုင်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ စာဖတ်သူပရိသတ်တွေအားလုံးလည်း ကျန်းမာကြပါစေ။

သတင်း အရင်းအမြစ်៖ Apollo Clinic