Jennie ရဲ့အောင်မြင်မှုကိုသက်သေပြနေတဲ့ Gentle Monster Collaboration

//s9.kh1.co/c7/c7207b71c3198392f7f6623b37a995ba6d93fe91.jpg
MPT Korea Celebrity

 ၀၂-မေ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၅ ရက် က

Jennie ရဲ့အောင်မြင်မှုကိုသက်သေပြနေတဲ့ Gentle Monster Collaboration

Jennie ဟာအရင်ကတည်းက ဖက်ရှင်နယ်ပယ်မှာ လွှမ်းမိုးမှုတွေအများကြီးရှိတဲ့သူဖြစ်ပါတယ်။ အဝတ်အထည်ကစလို့ အသုံးအဆောင်ပစ္စည်းတွေအကုန်လုံးမှာ လွှမ်းမိုးမှုရှိတဲ့ ဂျင်းနီဟာ မကြာသေးခင်က နာမည်ကြီးမျက်မှန်ဘရန်းတစ်ခုဖြစ်တဲ့ Gentle Monster နှင့် ပူးပေါင်းပြီး မျက်မှန်ဒီဇိုင်းအသစ်တစ်ခုထုတ်ခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/da/da2a8a7ff0319706c65c84439586224f00ac4df4.jpg

ဒီမျက်မှန်ဟာ ပရိတ်သတ်တွေကြားမှာ အတော်လေးနာမည်ကြီးနေခဲ့တာဖြစ်ပြီးတော့ ဂျင်းနီနှင့်ရင်းနှီးတဲ့သူတွေဆီကိုလက်ဆောင်ပေးခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှာပါရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ တရားဝင်မရောင်းခင်ကတည်းက ဝယ်ချင်တဲ့အဆမတန်များနေတဲ့ မျက်မှန်တွေဟာ စတင်ရောင်းချတဲ့နေ့မှာကြောက်စရာကောင်းလောက်အောင် ရောင်းခဲ့ရတာပါ။

https://s9.kh1.co/__image/w=570,h=680,q=100/dc/dc1f716ee63b04c37d41d9e5ced15063666e6aad.jpg

ဒါ့အပြင် ဒီမျက်မှန်ကိုဝယ်ဖို့အတွက် Gentle Monster စတိုးရှေ့မှာတန်းစီနေတဲ့လူတန်းကြီးဟာ အံ့ဩဖို့ကောင်းအောင်ရှည်လျားနေခဲ့ပါတယ်။ တစ်ချို့တွေဟာဆိုရင် ဆိုင်ရှေ့မှာညအိပ်ဖို့ပါပြင်ဆင်ပြီးစောင့်နေခဲ့ကြတာပါ။ Gentle Monster ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်ဟာလည်းအရောင်းစတင်ဖွင့်တဲ့အချိန်မှာပဲ ဝင်ရောက်သူများလွန်းတာကြောင့် လိုင်းကျမှုပါဖြစ်သွားခဲ့ရပါသေးတယ်။ ဒါတွေဟာဂျင်းနီရဲ့အောင်မြင်မှုနှင့် လူသိများမှုကိုထင်ထင်ရှားရှားပြနေတဲ့ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=671,q=100/60/6097594a730e8ba13368751f51cfd6592408a73b.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T