ဘာသာရေးအဖွဲ့အစည်းတစ်ခုနှင့်ပါ သက်ဆိုင်နေတယ်လို့ စွပ်စွဲခံနေရတဲ့ HYBE

//s9.kh1.co/9e/9e7e4e0a3e0e9408e13a2bfda836c1e015488fdb.jpg
MPT Korea Celebrity

 ၀၂-မေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၁၅ ရက် က

ဘာသာရေးအဖွဲ့အစည်းတစ်ခုနှင့်ပါ သက်ဆိုင်နေတယ်လို့ စွပ်စွဲခံနေရတဲ့ HYBE

Dahn World လို့ခေါ်တဲ့ဘာသာရေးတစ်ခုဟာ တောင်ကိုးရီးယားနိုင်ငံမှာနာမည်ရပြီးသားဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒီဘာသာရေးအဖွဲ့ဟာ အရင်ကတည်းကအနုပညာနှင့်ကေပေါ့လောကဖက်မှာပတ်သက်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က ပရိတ်သတ်တွေရဲ့တွေ့ရှိချက်တွေအရ ဒီဘာသာရေးအဖွဲ့ဟာ HYBE နှင့်ဆက်စပ်မှုတွေအများကြီးရှိနေတာကိုတွေ့လိုက်ရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/01/01fb8ecd0e6fd23a8f8f7fd9afb9a1124c335c27.webp

အရင်ဆုံး ကုမ္မဏီရဲ့အအောင်မြင်ဆုံးအဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင်ခြောက်ယောက်ဟာ Dahn World Founder ကနေပြီးတည်ထောင်ထားတဲ့ ကျောင်းမှာတက်ရောက်ခဲ့ကြတာပါ။ ဒါကြောင့်ကျောင်းဟာ BTS အဖွဲ့ကိုကျောင်းရဲ့ပရိုမိုရှင်းနှင့် ကျောင်းသားသစ်တွေရဖို့အတွက် အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် HYBE ရဲ့လက်အောက်ကမိန်းကလေးအဖွဲ့ဖြစ်တဲ့ GFriend ကိုလည်း Dahn World နှင့်သက်ဆိုင်တဲ့‌ခေါင်းစဥ်သီချင်းတစ်ပုဒ်သီဆိုထားတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် BTS ရဲ့သီချင်းစာသားမှာ Dahn World အဖွဲ့ရဲ့ လက်သုံးစကားတွေပါဝင်နေတာကိုလည်းတွေ့ခဲ့ကြပါတယ်။ 

https://s9.kh1.co/__image/w=550,h=413,q=100/d1/d142b2a8966a2aa3f22fe2bf927ed3f0100fedc7.webp

လက်ရှိပြဿနာတွေတက်နေတဲ့တက်သစ်စအဖွဲ့ဖြစ်တဲ့ ILLIT အဖွဲ့ရဲ့ ပွဲဦးထွက်သီချင်း Magnetic ဟာလည်း ဘာသာရေးအဖွဲ့ရဲ့ လက်သုံးစကားနှင့် ခေါင်းဆောင်ဖြစ်တဲ့သူရဲ့ပထမဆုံးထုတ်ဝေခဲ့တဲ့စာအုပ်ခေါင်းစဥ်ဖြစ်နေပါတယ်။ ဒါ့အပြင် HYBE ကိုတည်ထောင်ခဲ့တဲ့ Bang Si Hyuk ကလည်း Dahn World ရဲ့ယုံကြည်သက်ဝင်သူတစ်ယောက်ဖြစ်တယ်ဆိုပြီး ယူဆမှုတွေရှိနေတာကြောင့် HYBE ဟာကေပေါ့ကနေတစ်ဆင့် လူထုဆီကိုဘာသာရေးမှိုင်းတိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုပါ လက်ခံနေရတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/61/611e8a192016fa30e75fd8ece1976bc378b5e500.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T