ကုမ္မဏီရဲ့အသုံးမကျမှုတွေကြားက အောင်မြင်ခဲ့တဲ့ Seventeen ရဲ့အယ်လ်ဘမ်အသစ်

//s9.kh1.co/0b/0b9a0c0192ae43a14572b3fc67e61664a6adc773.jpg
MPT Korea Celebrity

 ၀၂-မေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၁၅ ရက် က

ကုမ္မဏီရဲ့အသုံးမကျမှုတွေကြားက အောင်မြင်ခဲ့တဲ့ Seventeen ရဲ့အယ်လ်ဘမ်အသစ်

လက်ရှိအချိန်ပြဿနာတွေအများကြီးနှင့်ရင်ဆိုင်နေရတဲ့ HYBE ဟာ ကုမ္မဏီရဲ့လက်ရှိအအောင်မြင်ဆုံးဖြစ်တဲ့ Seventeen ရဲ့ Comeback ကိုသေချာဂရုမစိုက်ပေးတာကြောင့် အတော်လေးဝေဖန်ခံနေရတာဖြစ်ပါတယ်။ အထူးသဖြင့် ဒီအယ်လ်ဘမ်ဟာ တစ်ခြားအနုပညာရှင်တွေရတဲ့အခွင့်အရေးကိုတောင်မှ မရခဲ့တာပါ။ ပုံမှန်အားဖြင့် Album အတွက် Music Video ကို ထုတ်လွှင့်ချိန်မတိုင်ခင် မိနစ်သုံးဆယ်မှာစတင်ပြီးအကြိုထုတ်လွှင့်ပေးလေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=304,q=100/cd/cd5d1771a68171339a0d5c9965188112d03817ba.jpg

ဒီလိုလုပ်ခြင်းဟာ ကြည့်ရှုသူများစေဖို့အတွက်အထောက်အကူဖြစ်တာကြောင့် ကေပေါ့အဖွဲ့တိုင်းနီးပါးလုပ်ကြတဲ့အရာပါ။ ဒါပေမဲ့ Seventeen အဖွဲ့ရဲ့ Maestro MV ဟာ premier မရှိဘဲ ချက်ချင်းပဲထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Seventeen ဟာ Physical Sale အပိုင်းမှာ အတော်လေးအားသာတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဒီလိုအဖွဲ့ရဲ့ album ကို Store တွေမှာလုံလောက်စွာထားပေးထားခြင်းမရှိတဲ့အပြင်  ဆိုင်တွေမှာရောင်းကုန်သွားတဲ့အချိန် Stock ကိုလည်း အချိန်မီပြန်ဖြည့်ပေးတာမျိုးမလုပ်ခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=867,q=100/6a/6a6000f7b077c23bb8d259d812fdc2de047cd0e2.jpg

 နောက်ဆုံးအနေနှင့် အယ်လ်ဘမ်ဈေးဟာ အတော်လေးမြင့်နေတာကြောင့် အရင်ကလိုမျိုးအများကြီးရောင်းရမှာမဟုတ်ဘူးလို့ထင်နေခဲ့ကြတာပါ။ ဒါပေမဲ့ Seventeen ကတော့ ဒီလိုအခက်အခဲတွေကြားကနေပဲ အယ်လ်ဘမ်ကို အချပ်ရေ 2 မီလီယံကျော်ရောင်းရပြီးတော့ လက်ရှိအချိန်ထိလည်းဆက်ရောင်းနေရဆဲပဲဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းဟာလည်း ဂီတဇယားတွေမှာ ထိပ်ပိုင်းကနေနေရာယူနေပြီးတော့ အဖွဲ့ရဲ့အောင်မြင်မှုကို သက်သေပြနေပါတယ်။ 

https://s9.kh1.co/__image/w=650,h=646,q=100/b3/b3eb178c8b670f3c12a40d6e8ed431ce208b8ea6.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T