မျိုးပွားပြီးနောက် သေဆုံးသွားကြတဲ့ ကြယ်ပင့်ကူလေးများ

//s9.kh1.co/09/0944b251ffe822dc1999822c20d3d1d6d4e175a6.jpg
MPT

 ၂၇-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၁ ရက် က

မျိုးပွားပြီးနောက် သေဆုံးသွားကြတဲ့ ကြယ်ပင့်ကူလေးများ

ရက်ကန်းပင့်ကူမျိုးစိတ်ဖြစ်တဲ့ orb-weaver spider မျိုးစိတ်က ဆင်းသက်လာတဲ့ spinybacked orbweaver ပင့်ကူကတော့ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့သည်းပုံကြောင့် လူသိများပါတယ်။ မြောက်အမေရိက ၊ အမေရိကအလယ်ပိုင်း ၊ ကာရေဘီယံ နဲ့ တောင်အမေရိကတို့မှာ ဇာတိဖြစ်ပြီး ဟာဝိုင်အီကျွန်း အပါအဝင် တောအုပ် နဲ့ ချုံနွယ်ထူထပ်တဲ့ နေရာတစ်ဝိုက်မှာ အသိုက်ဖွဲ့ နေထိုင်တတ်ကြပါတယ်။ Spinybacked orbweaver ပင့်ကူတွေဟာ အခြားပင့်ကူတွေနဲ့ မတူဘဲ ခန္ဓာကိုယ်ဘေးထောင့် တစ်ဖက်ဆီမှာ အချွန်လေးတွေ ပါရှိကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/06/0694486d8301c227e2ca67c71c70ac994feac6da.jpg

ကြယ်ပင့်ကူအမတွေဟာ မျိုးဥထုတ်ပြီးတဲ့နောက် သေဆုံးကြပြီး ကြယ်ပင့်ကူအထီးတွေကတော့ အမ‌ဆီကို သုတ်ပိုးထုတ် မိတ်လိုက်စက်ဝန်းအပြီး ၆ ရက်အကြာမှာပင် သေဆုံးသွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဘဝသက်တမ်းမှာ သူတို့ မျိုးပွားချိန်အထိသာ ရှိတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပတ်ပတ်လည် အချွန် ၆ ခု ဝန်းရံထားပြီး ကြယ်ပုံသဏ္ဍာန်ဖြစ်နေတာကြောင့် ကြယ်ပင့်ကူလို့လည်း ခေါ်ကြပါတယ်။ အနက်ရောင်အချွန်၆ ခု ၊ အနက်ရောင် အစက်အပြောက်တွေ နဲ့ ဝမ်းဗိုက်‌အ‌ပေါ်ပိုင်းမှာ အဖြူရောင် ၊ အဝါရောင် ၊ လိမ္မော်ရောင် ၊ အညိုရောင် အထိ နေရာ‌ဒေသအလိုက် အမျိုးမျိုး ကွဲပြားပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/c2/c252f454d06d90f2a95df5e2553f6dd7a7bcf4ad.jpg

ကြယ်ပင့်ကူအမတွေဟာ ၅ မှ ၉ မီလီမီတာ ( ၀.၂၀ - ၀.၃၅ လက်မ ) ရှိပြီး ၁၀ မှ ၁၃ မီလီမီတာ ( ၀.၃၉ မှ ၀.၅၁ လက်မ ) ကြီးပါတယ်။ ဒါကြောင့် တော်တော်ကို အရွယ်အစားသေးတဲ့ ပင့်ကူမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ကြယ်ပင့်ကူတွေရဲ့ ထူးခြားချက်ကတော့ အသက်ရှည်ရှည် မရှင်သန်နိုင်တာပဲ ဖြစ်ပါတယ်။ ပင့်ကူတော်တော်များများက ပြင်းထန်တဲ့ အဆိပ်ရှိကြပေမယ့် Spinybacked orbweaver ပင့်ကူလေးတွေကတော့ အဆိပ်လုံးဝမရှိတဲ့ ချစ်စရာ ပင့်ကူမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ထူးဆန်းတဲ့ ပုံသဏ္ဍာန်ကြောင့် ကြောက်ရွံ့သတ်ဖြတ်မှု ခံခဲ့ရပြီး လက်ရှိမှာတော့ ရှာတွေ့ဖို့တောင် ခဲယဉ်းတဲ့ ချစ်စရာ ပင့်ကူလေးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/33/331353a2204f64b7f782a166adeb257690588ae1.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T