တစ္ဆေမျက်နှာ နဲ့ ghost-faced လင်းနို့

//s9.kh1.co/c1/c1ea91e944c002bba33d0f9024232b6c6bbcc3da.png
MPT

 ၀၈-မေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၁ ရက် က

တစ္ဆေမျက်နှာ နဲ့ ghost-faced လင်းနို့

Mormoops မျိူးရင်းဝင် လင်းနို့မျိုးစိတ်ဖြစ်တဲ့ Mormoops megalophylla လင်းနို့ဟာ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာကြောင့် သရဲမျက်နှာလင်းနို့ လို့လည်း ခေါ်ကြပါတယ်။ Ghost-faced bat တွေဟာ နေ့အချိန်မှာ အိပ်လေ့ ရှိပြီး ညအချိန်မှာ echolocation နည်းကို အသုံးပြုကာ အမဲလိုက်လေ့ ရှိပါတယ်။ အလယ်အလတ်ကြီးတဲ့ လင်းနို့မျိုးစိတ် တစ်မျိုး ဖြစ်ပြီး အများအားဖြင့် နီညိုရောင် သို့မဟုတ် အညိုရောင် အမွေးမျှင်တို့ ပါရှိကြပါတယ်။ မျက်နှာအရှေ့ဘက်ကို ကွေးညွှတ်နေတဲ့ ကြီးမားတဲ့ နားရွက်တို့ ပါရှိပြီး နှာခေါင်းဟာ မျက်နှာအတွင်း နစ်ဝင်နေကာ မမြင်ရကြပါဘူး။ 

https://s9.kh1.co/__image/w=650,h=342,q=100/7f/7ff042b80ff7f31fe0f1b7f9052fba56a5704bb4.jpg

မျက်နှာမှာ ရိုက်ခံထားရသလို ပြားပြားချပ်ချပ်‌ ဖြစ်နေတာကြောင့် ကြောက်စရာကောင်းကာ တစ္ဆေမျက်နှာလင်းနို့လို့ ခေါ်တာပဲ ဖြစ်ပါတယ်။ ပူနွေးတဲ့ ဒေသတွေကို ပိုကြိုက်ပြီး ဒီ တစ္ဆေမျက်နှာလင်းနို့တွေဟာ အမြင့်မီတာ ၃၀၀ အောက် နိမ့်တဲ့ ဒေသတွေမှာ နေထိုင်ကြပါတယ်။ အစုလိုက် အဖွဲ့လိုက် အသိုက်လုပ်ကာ ဂူတွေထဲမှာ နေထိုင်ကြတဲ့ အခြားလင်းနို့ မျိုးစိတ်တွေနဲ့မတူဘဲ Ghost-faced bat တွေဟာ တစ်ကောင် နဲ့ တစ်ကောင် အနည်းဆုံး ၁၅ စင်တီမီတာ ခြားထားပြီး သီးသန့်နေထိုင်တဲ့ လင်းနို့မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားစား လင်းနို့မျိုးစိတ်တစ်မျိုးဖြစ်ပြီး အင်းဆက်ငယ် နဲ့ ငှက်ငယ်တို့ကို အဓိက စားသုံးကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/97/9752c31ba8b6c9d8e86684f0812c31b9ef0a8164.jpg

သီးခြားပြီး ပုန်းကွယ်နေတတ်တာကြောင့် သူတို့ရဲ့ မျိုးပွားမှု နဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အတိအကျ မသိရသေးပေမယ့် တစ်နှစ်မှာ တစ်ခါသာ သားပေါက်တဲ့ ရုပ်ဆိုးဆိုးလင်းနို့လေးတွေပဲ ဖြစ်ပါတယ်။ နွေဦးရာသီ ဖြစ်တဲ့ မတ်လ မှ ဇွန်လ ကြားမှာ သားပေါက်ကြပြီး မျိုးပွားနှုန်းနည်းတဲ့ လင်းနို့မျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် တောရိုင်းထဲမှာ နှစ် ၂၀ ဝန်းကျင်ထိ ရှင်သန်နိုင်တာကြောင့် အတော်ကို အသက်ရှည် ၊ အသက်ပြင်းတဲ့ လင်းနို့တွေဆိုလည်း မမှားပါဘူး။ တောတွင်းမှာ ကျယ်ပြန့်စွာ တွေ့ရပြီး ‌သီးခြားနေတတ်တဲ့ Ghost-faced bat တွေဟာ လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်မဲ့ အန္တာရာယ် မရှိသေးပါဘူး။ 

https://s9.kh1.co/__image/w=650,h=342,q=100/fe/fe0fff42fc5cd9d2ae9fc084be67d06a09cf96dc.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T