ဇာတ်ကားအသစ်ရိုက်ကူးမယ်လို့ သတင်းထွက်လာတဲ့ Gong Yoo နှင့် ဆောင်းဟေကို

//s9.kh1.co/9c/9cf541ae9c506015f8a74edd3b652384d7bf22f2.jpg
MPT Korea Celebrity

 ၂၅-ပြီ-၂၀၂၄ ၈am · လွန်ခဲ့သော ၂၂ ရက် က

ဇာတ်ကားအသစ်ရိုက်ကူးမယ့် Gong Yoo နှင့် ဆောင်းဟေကို

တောင်ကိုးရီးယားရဲ့နာမည်ကြီး မင်းသားနှင့်မင်းသမီးဖြစ်တဲ့ Gong Yoo နှင့် မင်းသမီးဆောင်းဟေကိုတို့ဟာ ဇာတ်လမ်းတစ်ခုမှာအတူပါဝင်ဖို့ဆွေးနွေးနေကြတယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ ထွက်လာတဲ့သတင်းတွေအရ မင်းသားဟာ မင်းသမီးဆောင်းဟေကို ပါဝင်ဖို့အတည်ပြုပြီးသား ဇာတ်ကားကိုရင်းနှီးတဲ့ဒါရိုက်တာရဲ့တောင်းဆိုမှုကြောင့် ပါဝင်ဖို့ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/8e/8e04257ebaab86f0283be3e8d627b076dc15dea9.jpg

ဇာတ်လမ်းပုံစံနှင့်ခေါင်းစဥ်ကိုမသိရသေးပေမဲ့ ရိုက်ကူးမယ့်ဒါရိုက်တာက နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ That Winter the Wing Blows  It's Okay that is Love Our Blues အစရှိတဲ့နာမည်ကြီးဒရာမာတွေကိုရိုက်ကူးခဲ့တဲ့သူလို့ဆိုပါတယ်။ ဒါ့အပြင် တွဲဖက်ဒါရိုက်တာကလည်း Coffee Prince Cheese in the Trap  ဇာတ်ကားတွေကိုရိုက်ကူးခဲ့သူပါ။ 

https://s9.kh1.co/__image/w=564,h=705,q=100/cc/cc686dd24118994fa888e1f545b98b5a29f3a295.jpg

ဒီဒါရိုက်တာနှစ်ယောက်လုံးဟာ Gong Yoo နှင့် ဆောင်းဟေကိုနှင့်ရင်းနှီးကြတာကြောင့် အတူဇာတ်ကားရိုက်ကူးမယ့်သတင်းဟာ ဖြစ်နိုင်ခြေရှိနေပါတယ်။ အေဂျင်စီတွေဖက်ကတော့ ဇာတ်လမ်းကိုလေ့လာနေဆဲဖြစ်ပါတယ်လို့ပဲ ထုတ်ပြန်ထားပါတယ်။ တစ်ကယ်သာ သတင်းမှန်ကန်တယ်ဆိုရင်တော့ ကေဒရာမာပရိတ်သတ်တွေအတွက် တစ်ကယ်ဝမ်းသာစရာကောင်းမယ့်သတင်းပဲဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T