ကမ်းခြေမှာ ရိုက်ကူးနိုင်မယ့် Pre Wedding အတွက်အိုင်ဒီယာများ

//s9.kh1.co/fc/fcd9d41ad88aa3bd0ac2a123dfdd3f916293f3b4.jpg
MPT Lifestyle

 ၂၅-ပြီ-၂၀၂၄ ၈am · လွန်ခဲ့သော ၁၀ ရက် က

ကမ်းခြေမှာ ရိုက်ကူးနိုင်မယ့် Pre Wedding အတွက်အိုင်ဒီယာများ

https://s9.kh1.co/__image/w=564,h=752,q=100/40/406e30221fc32bd9d3ff02c171a876140e1ed846.jpg

ကမ်းခြေနှင့်ပင်လယ်ရဲ့အလှဆုံးအချိန်ဖြစ်တဲ့ ညနေခင်းနေဝင်ဆည်းဆာအချိန်တွေမှာ မျက်နှာချင်းဆိုင်ပြီးရိုက်ထားတဲ့ပုံလေးကလည်း ရှုခင်းကြောင့်လှနေတဲ့ပုံလေးဖြစ်ပါတယ်။ အမှတ်တရဖြစ်စေမယ့်ပုံလေးဖြစ်သလို Pre Wedding ပုံအနေနှင့်သင့်တော်တဲ့ပုံလေးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/c3/c392ce487539a7e5d35c9658a1357cf4482de71b.jpg

အလှဆုံးဆည်းဆာချိန်မှာ ဒီလိုနောက်ကျောကိုအသားပေးပြီးရိုက်ကူးထားတဲ့ပုံကလည်း အတော်လေးလှတဲ့အိုင်ဒီယာဖြစ်ပါတယ်။ စိတ်ကူးယဥ်ဆန်တဲ့ခံစားချက်ကိုဖြစ်စေသလို ကြည့်လိုက်တိုင်းအမှတ်တရဖြစ်စေမယ့်ပုံလေးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=845,q=100/11/11a99067f4ef97db2c04ce55f3c517d736bfb500.jpg

လူငယ်စုံတွဲလေးတွေအရိုက်များတဲ့အိုင်ဒီယာဖြစ်ပါတယ်။ ကမ်းခြေအနီးအနားကကျောက်ဆောင်တွေပေါ်မှာ အခုလိုမျိုးသဘာဝဆန်ဆန်ပုံစံလေးရိုက်ထားခြင်းဟာပေါ့ပါးပြီးချစ်စရာကောင်းတဲ့ပုံလေးဖြစ်စေပါတယ်။ 

https://s9.kh1.co/__image/w=564,h=847,q=100/0f/0f6e0d9f2907327c166447a5e46142e2cae70dfc.jpg

ကျောက်ဆောင်တွေ ရေလှိုင်းတွေပါဝင်တဲ့ဒီလိုပုံမျိုးကလည်း ရိုက်ကူးရခက်ကောင်းခက်နိုင်ပေမဲ့ တစ်ကယ်ကိုအမှတ်တရဖြစ်စေမယ့် ပုံလေးပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=533,h=800,q=100/f9/f92ff68c8459f2227969b8c4baa84d46c2ba71b3.jpg

ကမ်းခြေရဲ့သဲသောင်ပြင်တွေပေါ်မှာ မီးရှူးမီးပန်းလေးတွေထွန်းပြီးရိုက်ကူးတဲ့ ပုံတွေကလည်း အမှတ်တရဖြစ်စေသလို ပုံကောင်းလေးတွေအများကြီးထွက်လာစေနိုင်ပါတယ်။ နတ်သမီးပုံပြင်လိုမျိုးခံစားချက်ကိုပါဖြစ်စေနိုင်တဲ့ အိုင်ဒီယာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/71/71a62d84644cbc894e04be1689597878618d8f44.jpg

ရေအိုင်လိုမျိုးနေရာလေးမှာ ပုံရိပ်တွေပါတစ်ပါတည်းပေါ်နေတဲ့ ဒီလိုအိုင်ဒီယာကလည်း တစ်ကယ်ကိုမိုက်တဲ့ပုံလေးပါ။ နေရာရှာရခက်နိုင်ပေမဲ့ ဒီလိုပုံမျိုးသာရိုက်ကူးနိုင်မယ်ဆိုရင် အလှဆုံးနှင့်အမိုက်ဆုံး Rre Wedding ပုံကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/c4/c49347d58b23feab20896221249c3888db2470d5.jpg

ကမ်းခြေနှင့်လိုက်ဖက်တဲ့ သောင်ပြင်ပေါ်မှာပြေးလွှားတဲ့ပုံကလည်း မပါမဖြစ်ပါပဲ။ အတူလက်တွဲရင်းပြေးနေတဲ့ ဒီလိုပုံရိပ်တွေဟာ ရိုက်ကူးသင့်တဲ့ပုံတွေပါ။ 

https://s9.kh1.co/__image/w=564,h=845,q=100/17/17fa10addceb6e76658b43734feba8840535c3dd.jpg

ကမ်းခြေရဲ့အဓိကအရာတွေဖြစ်တဲ့ သဲသောင်ပြင်နှင့်လှိုင်းတွေပါဝင်တဲ့ ဒီလိုပုံလေးတွေကလည်း သေချာပေါက်ကြိုးစားကြည့်သင့်တဲ့ ပုံတွေဖြစ်ပါတယ်။ လှလှပပမထွက်လာရင်တောင် အမှတ်တရတွေတော့အများကြီးကျန်ရစ်နေနိုင်မယ့်ပုံရိပ်တွေဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T