သူငယ်ချင်းအုပ်စုတွေထဲမှာ ရှိတတ်တဲ့သူများ

//s9.kh1.co/71/710528b0d051141adfc03ba237e639e45cdc1bc6.jpg
MPT Lifestyle

 ၀၃-မေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၅ ရက် က

သူငယ်ချင်းအုပ်စုတွေထဲမှာ ရှိတတ်တဲ့သူများ

The Mom

သူငယ်ချင်းတွေအားလုံးနှင့်ခင်မင်ပြီးတော့ တစ်ခုခုဆိုရှေ့ကနေဦးဆောင်ပေးအားပေးတတ်တဲ့သူဖြစ်ပါတယ်။ ဒီလိုလူရှိတဲ့သူငယ်ချင်းအုပ်စုဟာ စကားများတာ ရန်ဖြစ်တာမျိုးသိပ်မရှိပါဘူး။ စိတ်အခန့်မသင့်ရင်တောင်မှ ဒီလိုသူငယ်ချင်းကနေတစ်ဆင့်အလွယ်တကူပဲပြန်ပြေလည်သွားလေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/ad/adf2b7af9ecb0f6b908568e85ba73ccce75bc19d.jpg

The Connector

ဒီလိုလူကလည်း အုပ်စုအတွင်းမှာလူများလာအောင်နှင့် သူငယ်ချင်းအုပ်စုစတင်ဖြစ်လာအောင် လုပ်တတ်တဲ့သူတွေဖြစ်ပါတယ်။ ဒီလိုသူငယ်ချင်းတွေပါဝင်တဲ့အုပ်စုဟာဆိုရင် အမြဲတမ်းလူအသစ်တွေတိုးပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့အုပ်စုကြီးဖြစ်တတ်ပါတယ်။

The Planner

ဒီလိုသူတွေကတော့ အုပ်စုအတွက် အစီအစဥ်ဆွဲတာ တိုင်ပင်တာ ဆုံးဖြတ်တာအကုန်လုံးကိုလုပ်ကြတဲ့သူတွေပါ။ သူတို့ဟာ အုပ်စုအနေနှင့်တစ်နေရာရာကိုသွားပြီဆိုတာနှင့် သွားမယ့်နေရာတွေဆုံးဖြတ်တာ ငွေကြေးကောက်ခံတာ ရှင်းလင်းတာလိုမျိုးကိုအလိိုအလျောက်တာဝန်ယူပြီးလုပ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=612,q=100/98/9844a695a78eddbd89fd8b8750e2aa3acfc19654.jpg

The Joker

သူမပါရင် ပွဲမစည်ဖြစ်တတ်တဲ့သူငယ်ချင်းမျိုးဖြစ်ပါတယ်။ အုပ်စုကိုပိုပြီးပျော်လာအောင် ဟာသတွေပြောပေးပြီး အမြဲရီမောနေအောင်လုပ်ပေးတတ်တဲ့သူတွေပါ။ ဒီလိုလူမျိုးတစ်ယောက်လောက်ရှိရင် သူငယ်ချင်းအုပ်စုဟာဘယ်တော့မှပျင်းစရာမကောင်းဘဲ အမြဲတမ်းရီမောနေရမယ့်အုပ်စုဖြစ်လာမှာဖြစ်ပါတယ်။

The Party Animal

ဒီလိုသူငယ်ချင်းမျိုးကတော့ ဘာလာလာပျော်မယ်ဆိုတဲ့သူငယ်ချင်းမျိုးဖြစ်ပါတယ်။ သူငယ်ချင်းတွေကို စိတ်ပေါ့ပါးအောင်လုပ်ပေးပြီးတော့ ဘယ်နေရာမှာမဆိုပျော်လို့ရအောင်ဖန်တီးပေးတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ အမြဲတမ်းတက်ကြွနေတတ်တာကြောင့် တစ်ချို့သူငယ်ချင်းတွေအနေနှင့် သူတို့ကိုလိုက်မှီဖို့ခက်ခဲတတ်ပါတယ်။ 

https://s9.kh1.co/__image/w=441,h=631,q=100/dd/dd1e85e9ef955a085dab6cac40f02d52e04df149.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T