တွေဟာ လက်မှုအတတ်နှင့်ဖန်တီးထားတာကြောင့် အတော်လေးလှပြီးတော့ Outfit မျိုးစုံထွင်ဝတ်လို့ရတဲ့အထည်တွေဖြစ်ပါတယ်။ အခုလိုမျိုးလက်ပြတ် Top တွေကိုဂျင်းဘောင်းဘီတိုလေးနှင့်တွဲဝတ်လိုက်ခြင်းဟာ နွေအပူကိုသေချာလေးအံတုပေးနိုင်မယ့်ဝတ်စုံဖြစ်ပါတယ်။
အပေါ်ဝတ်အနေနှင့်ဝတ်ဆင်ကြတဲ့ အခုလိုမျိုးအထည်တွေကလည်း အမြင်လှစေသလို ကြည့်ကောင်းစေတဲ့အထည်တွေဖြစ်ပါတယ်။ လုံခြုံမှုရှိစေပြီးတော့ သာမာန်ဝတ်စုံကိုပိုပြီးဖက်ရှင်ကျသွားသလို ဖြစ်စေပါတယ်။
လူအများစုအဝတ်များကြတဲ့ ဒီလိုပုံစံကတော့ ကြိုးတစ်လုံးလိုမျိုးအင်္ကျီပေါ်မှာ အပွကိုထပ်ဝတ်ထားတာဖြစ်ပါတယ်။ ဒီလိုဝတ်စုံကို ကမ်းခြေခရီးတွေမှာ အများဆုံးဝတ်ဆင်ကြလေ့ရှိပါတယ်။
ဒီလိုလက်ပြတ်အပေါ်ဝတ်လေးတွေဟာလည်း Outfit ကိုပိုပြီးအရောင်ထွက်အောင်နှင့်ဖက်ရှင်ကျအောင်ကူညီပေးနိုင်တဲ့အထည်တွေပါ။ အခုလိုမျိုး လက်ရှည် Top တွေပေါ်ကနေထပ်ဝတ်နိုင်သလို သူ့တစ်ထည်တည်းပဲဝတ်ရင်လည်း အဆင်ပြေတဲ့အထည်ဖြစ်ပါတယ်။
Vest တွေကို ဘာနှင့်မှမတွဲဘဲ ဒီတိုင်းဝတ်ဆင်ခြင်းကလည်း ဝတ်စုံကိုပိုပြီးထူးခြားသွားစေပါတယ်။ အထူးသဖြင့် Crochet အထည်တွေဟာတစ်ထည်နှင့်တစ်ထည် ပုံစံကွက်တိကျတာမျိုးမရှိတတ်တာကြောင့် ပိုပြီးထူးခြားသွားစေပါတယ်။
စကပ်အကားတွေနှင့် Crochet Top တွေကိုတွဲဝတ်တာကလည်း လူငယ်တွေသဘောကျလောက်မယ့် Outfit Idea တစ်ခုဖြစ်ပါတယ်။ Crochet Top တွေဟာ အရောင်စုံပါဝင်တတ်ကြတာကြောင့်တွဲဖက်ဝတ်ဆင်ရမယ့်အထည်ကို ရွေးချယ်ဖို့ပင်ပန်းစရာမလိုပါဘူး။