လက်ရှိရေပန်းစားနေတဲ့ အပွင့်ရိုက်ဝတ်စုံများ

//s9.kh1.co/8c/8c3b44cde7e1f967f2798244ea8b6e1718d4f0fa.jpg
MPT Lifestyle

 ၂၃-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၃ ရက် က

လက်ရှိရေပန်းစားနေတဲ့ အပွင့်ရိုက်ဝတ်စုံများ

https://s9.kh1.co/__image/w=650,h=975,q=100/d0/d0d331725aa5de668171c1d150c2a7135e18ebd2.jpg

ဒီလိုအပွင့်ကြီးကြီးတွေရိုက်ထားတဲ့ အဆင်တွေဟာ ၂၀၀၀ အစောပိုင်းမှာတုန်းကခေတ်စားခဲ့တာဖြစ်ပြီးတော့ အခုနောက်ပိုင်းမှာထပ်ပြီးခေတ်စားလာခဲ့ပါတယ်။ ပန်းပွင့်တွေတင်ကဘဲ တစ်ခြားပုံစံတွေကိုပါ အထည်ပေါ်မှာအကြီးကြီးရိုက်ထားတဲ့ဒီလိုအပွင့်ရိုက်တွေဟာ လက်ရှိအချိန်ရေပန်းစားတဲ့အဆင်တွေဖြစ်ပါတယ်။ အရင်တုန်းကတော့ ဒီလိုအပွင့်ကြီးပါတဲ့အဆင်တွေဟာ ခေတ်နောက်ကျပုံပေါ်စေပြီးတော့ ပုံတွေကြီးတာကြောင့် မကြိုက်ကြပေမဲ့ Y2k Trend နှင့်အတူ အခုလိုမျိုးအဆင်တွေကိုလည်း ဒီဇိုင်းမျိုးစုံထုတ်ခဲ့တာကြောင့် လူကြိုက်များလာတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/52/52f1964b74bb3ed41650c9ad1dbcac1872a7eea0.jpg

ဒါပေမဲ့ ဒီလိုအပွင့်သေးသေးလေးတွေနှင့် လှလှပပပုံဖော်ထားတဲ့အဆင်လေးတွေကလည်း ရေပန်းစားနေဆဲပွင့်ရိုက်ထည်လေးတွေဖြစ်ပါတယ်။  ဒီလိုအထည်အများစုဟာ ချည်သားတွေဖြစ်တာကြောင့် ဝတ်ရအေးတာကြောင့်နွေရာသီတွေမှာအများဆုံးဝတ်ဆင်ကြပါတယ်။ အပွင့်သေးတာကြောင့် အထည်ကို လိုချင်တဲ့ဒီဇိုင်းအတိုင်းချုပ်နိုင်ပြီးတော့ အင်္ကျီဘောင်းဘီတင်ကမဘဲ ဂါဝန်တွေအနေနှင့်ပါ ချုပ်ပြီးဝတ်ဆင်ကြပါတယ်။ 

https://s9.kh1.co/__image/w=564,h=1002,q=100/10/1071f514490b23cc8c3ee60057a073c0eae62b76.jpg
https://s9.kh1.co/__image/w=564,h=1002,q=100/9d/9d11af3f0c2d84b80876fe33e4bf2af06e51d300.jpg

ဒီလိုအဆင်မျိုးကလည်း အခုနောက်ပိုင်းမှပြန်ပြီးရေပန်းစားလာတဲ့ပွင့်ရိုက်အဆင်မျိုးဖြစ်ပါတယ်။ တစ်ထည်လုံးကို သီးသန့်အရောင်မထည့်တော့ဘဲ အရောင်တစ်ခုရဲ့အနုအရင့်ပဲ ခွဲခြားထည့်ခြင်းဟာ အထည်ကိုပိုပြီးလှစေပါတယ်။ 

https://s9.kh1.co/__image/w=564,h=1082,q=100/e2/e219c04bf81b7fce178e08c100ff2bbcd25e041b.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T