တရားဝင်အဖွဲ့ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Cherry Bullet

//s9.kh1.co/00/009bac17be23044ca1eddfacfda1c376115fc2bc.jpg
MPT Korea Celebrity

 ၂၃-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၁၁ ရက် က

တရားဝင်အဖွဲ့ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Cherry Bullet

FCN Entertainment ရဲ့မိန်းကလေးအိုင်ဒေါအဖွဲ့ဖြစ်တဲ့ ဟာ တရားဝင်အဖွဲ့ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကုမ္မဏီကနေစာထုတ်အကြောင်းကြားခဲ့ပါတယ်။ မိန်းကလေး ၇ ယောက်ပါဝင်တဲ့ဒီအဖွဲ့ဟာ အောင်မြင်မှုကြီးကြီးမားမားမရခဲ့ပေမဲ့ အရည်အချင်းပြည့်ဝတဲ့အဖွဲ့အဖြစ်နာမည်ကြီးခဲ့တာပါ။ အခုလိုမျိုးအဖွဲ့ဖျက်သိမ်းလိုက်ရတဲ့အကြောင်းရင်းကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။

https://s9.kh1.co/__image/w=564,h=846,q=100/2e/2e0c1a46d71f15bda7c3d3d16dba1692102e6a90.jpg

Remi, Jiwon, Chaerin, Bora, Yuju, May, နှင့် Haeyoon တို့ပါဝင်တဲ့ ဒီအဖွဲ့ဟာ ပွဲဦးထွက်တာသိပ်မကြာသေးပေမဲ့ အခုလိုမျိုးဖျက်သိမ်းလိုက်ဖို့ အဖွဲ့ဝင်တွေနှင့်သဘောတူညီချက်ရပြီးဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ အဖွဲ့ဟာ အရည်အချင်းရှိပေမဲ့ ထင်ထားသလောက်အောင်မြင်မှုမရတာအပြင် အဖွဲ့အတွင်းမှာမျှတတဲ့ ဆက်ဆံမှုတွေမရတာကြောင့် အခုလိုမျိုးအဆုံးသတ်သွားတာဖြစ်နိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=706,q=100/e2/e2c8ff221bdab7412bca45e177bf4f44c2e3697a.jpg

အဖွဲ့ဝင်တွေတစ်ဝက်လောက်က စာချုပ်သက်တမ်းကုန်သွားပြီး ကုမ္မဏီကနေထွက်သွားပြီးတော့ တစ်ချို့ကတော့ ဆက်ပြီးလက်တွဲထားရင်း တစ်ကိုယ်တော်လှုပ်ရှားမှုတွေကို သီးသန့်လုပ်နေကြအုံးမှာဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ အဖွဲ့ဖျက်သိမ်းမှုကို အတော်လေးဝမ်းနည်းကြပေမဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီအောင်မြင်အဆင်ပြေကြဖို့ ဆုတောင်းပေးထားကြပါတယ်။ 

https://s9.kh1.co/__image/w=563,h=422,q=100/4c/4c97ef867eb6e1a38209ecf67342192fa09bbc74.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T