Ador ရဲ့ပဲ့ကိုင်ရှင် မင်းဟီဂျင်းနှင့် HYBE တို့ကြားက ရန်ပွဲများ

//s9.kh1.co/d2/d2159357f48f0e0e9a27789a8cfc4761041023b2.jpg
MPT Korea Celebrity

 ၂၂-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၁ ရက် က

Ador ရဲ့ပဲ့ကိုင်ရှင် မင်းဟီဂျင်းနှင့် HYBE တို့ကြားက ရန်ပွဲများ

New Jeans ကိုမွေးထုတ်ပေးခဲ့ပြီး ဂီတအပါအဝင် ပြင်ဆင်မှုအကုန်လုံးကို တာဝန်ယူထားတဲ့ မင်းဟီဂျင်းဟာ လက်ရှိအချိန်မှာ HYBE နှင့်ပြဿနာအကြီးအကျယ်တက်နေတာဖြစ်ပါတယ်။ မင်းဟီးဂျင်းဟာ အရင်က SM ကုမ္မဏီမှာလုပ်ခဲ့တာဖြစ်ပြီတော့ ၂၀၂၁ မှာ HYBE ကိုပြောင်းလာခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=560,h=714,q=100/62/62b433e4181707aa54bfe806ae0b43a3ba56a537.webp

နောက်ပိုင်းမှာ Ador Label ကို HYBE လက်အောက်ကနေတည်ထောင်ခဲ့ပြီးတော့ New Jeans အဖွဲ့ကို မွေးထုတ်ခဲ့တာဖြစ်ပါတယ်။ အခုကိစ္စမှာတော့ HYBE  ဖက်ကနေပြီးမင်းဟီးဂျင်ကို စီအီးအိုရာထူးကနေဆင်းပြီး ကုမ္မဏီကနေပါ ထွက်သွားဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ae/ae14be3987c5e71e09ec850b01f36de9e1f39d8e.webp

HYBE ဖက်ကနေ ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ မင်းဟီးဂျင်းဟာ Ador ကုမ္မဏီကို လက်အောက်ကနေခွဲထုတ်သွားဖို့ကြံစည်နေတဲ့အပြင် New Jeans အဖွဲ့ကိုပါ တစ်ပါတည်းယူသွားဖို့အစီအစဥ်တွေလုပ်ဆောင်နေတာကြောင့် အခုလိုမျိုးရာထူးကနေထုတ်ဖယ်ဖို့ကြိုးစားရခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ အခုချိန်ထိသိရခြင်းမရှိသေးပါဘူး။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T