ပြစ်မှုမှတ်တမ်းဟောင်းရှိတဲ့ကောင်လေးကြောင့် ထပ်ပြီးဝေဖန်ခံခဲ့ရတဲ့ Hyun A

//s9.kh1.co/28/28e0b81cba5a0b2d6f3207a24729fc21a788fc24.jpg
MPT Korea Celebrity

 ၂၂-ပြီ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၂ ရက် က

ပြစ်မှုမှတ်တမ်းဟောင်းရှိတဲ့ကောင်လေးကြောင့် ထပ်ပြီးဝေဖန်ခံခဲ့ရတဲ့ Hyun A

Hyun A ဟာ ခြောက်နှစ်ကြာတွဲလာတဲ့ Dawn နှင့်လမ်းခွဲပြီးနောက်ပိုင်းမှာ Yong Jun Hyung ဆိုတဲ့သူနှင့်ထပ်ပြီးတွဲခဲ့ပါတယ်။ ယောင်ဂျွန်ဟျွန်းဟာ တောင်ကိုးရီးယားရဲ့နာမည်ကြီးမှုခင်းတစ်ခုဖြစ်တဲ့ Burning Sun ကိစ္စမှာပါဝင်ပတ်သက်ဖူးတဲ့ ပြစ်မှုကျုးလွန်သူဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/ef/ef22a8d7a18c8fe8adf033468da447410353e268.webp

Hyun A အနေနှင့် အခုလိုမျိုး အမျိုးသမီးတွေကိုလိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးခဲ့တဲ့ပြစ်မှုဟောင်းရှိတဲ့သူကို ချစ်သူအဖြစ်ရွေးခဲ့တာကို ပရိတ်သတ်တွေက နားမလည်နိုင်ဖြစ်ခဲ့ရပါတယ်။ မကြာသေးခင်က သွားခဲ့တဲ့ ရှိုးတစ်ခုမှာလည်း Hyun A ဟာကောင်လေးဖြစ်သူနှင့်ဆက်ဆံရေးကိုထပ်ပြီးပြောခဲ့တာကြောင့် ပရိတ်သတ်တွေက သူမကိုအတော်လေးဝေဖန်နေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=625,h=900,q=100/5e/5e45ced3a8bd87e4d5a5bc9ac0fb7a3893f32270.webp

Hyun A ဟာ တစ်ကိုယ်တော်အဆိုတော်အဖြစ်စတင်လုပ်ဆောင်ကတည်းက အမျိုးသမီးအခွင့်အရေးတွေကိုအကြောင်းပြုပြီးအောင်မြင်မှုတွေရနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး လိင်ပိုင်းဆိုင်ရာပြစ်မှုရှိတဲ့သူကိုတွဲနေတဲ့အပြင် ဒီအကြောင်းကို နေရာတကာမှပြောနေခြင်းဟာ ပိုပြီးဝေဖန်ခံစရာဖြစ်နေတာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T