ရေပန်းစားလာတဲ့ Tote Bag အမျိုးမျိုး

//s9.kh1.co/3d/3db4aa68d1883e60a0bb294b5b55d27b3b210118.jpg
MPT Lifestyle

 ၂၀-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၄ ရက် က

ရေပန်းစားလာတဲ့ Tote Bag အမျိုးမျိုး

https://s9.kh1.co/__image/w=563,h=599,q=100/d3/d30f39aa5fe93a221ac7d51794be4487b8bb7bbb.jpg

ဒီလိုအိတ်တွေကတော့ အိတ်သားပေါ်မှာ နဂိုပါပြီးသားအရုပ်တွေ ပုံတွေနှင့် စာသားတွေပါဝင်တဲ့ရိုးရှင်းတဲ့အိတ်ဒီဇိုင်းဖြစ်ပါတယ်။ ရိုးရှင်းတာကြောင့် လူကြိုက်များသလို ဈေးနှုန်းအရလည်းမများတာကြောင့် အသုံးပြုသူများတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/04/047ce733f8ade063fe0184308ab1e6012c3ad7af.jpg

အိတ်ပေါ်မှာ ဆေးတွေနှင့်ပုံဆွဲတာ ဆေးခြယ်တာတွေလုပ်ထားတဲ့ ဒီဇိုင်းတွေကလည်း ရေပန်းစားမှုနံပါတ်တစ်ဖြစ်သလို လူငယ်တွေသဘောကျကြတဲ့ဒီဇိုင်းဖြစ်ပါတယ်။ အနုပညာတစ်ခုလိုမျိုး ထင်မြင်ရတဲ့အပြင် အိတ်တိုင်းဟာမတူညီမှုရှိနေမှာကြောင့် ဒီလိုဒီဇိုင်းတွေကိုလူကြိုက်များပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/c2/c2cac23da2870ca1e8a35a955b487e1f6aa0f672.jpg

လက်မှုပညာတစ်ခုဖြစ်တဲ့ ချည်နှင့် အိတ်ပေါ်မှာ ပန်းပွင့်တွေအပြင် တစ်ခြားပုံစံလေးတွေဆွဲထားတာကလည်း လူကြိုက်များတဲ့ ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။ ဒီလို ဒီဇိုင်းတွေလူကြိုက်များရတဲ့အဓိကအကြောင်းရင်းက လက်မှုပညာပါဝင်တာကြောင့်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/0d/0d6b0d8a2a4fe8c789e214aecae6e8f7f77c2e30.jpg

ရိုးရိုးချည်သားအိတ်ပေါ်မှာ ချည်နှင့်ဒီလိုပုံဖော်ထားတဲ့အိတ်လေးတွေကလည်း နောက်ပိုင်းမှာပိုပြီးလူကြိုက်များလာပါတယ်။ အိတ်တစ်ခုလုံးကို ထိုးတာမျိုးရှိသလို လိုချင်တဲ့ပုံစံကိုပဲပုံဖော်ပြီးထိုးတာမျိုးလည်းရှိပါတယ်။ 

https://s9.kh1.co/__image/w=564,h=751,q=100/a4/a4398328c3e3311d5e6003b1fece6cafa0866086.jpg

ချည်နှင့်ဖန်တီးထားတဲ့ ဒီလိုအိတ်တွေကလည်း နွေရာသီကာလတွေမှာအတော်လေးအသုံးများတဲ့ အိတ်တွေဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုအိတ်တွေဟာ တစ်ကယ့်ပစ္စည်းတွေထည့်ဖို့ထက် အလှအနေနှင့်ခရီးသွားရာမှာအသုံးပြုတာပိုပြီးများပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/64/64fc3d069d855edc6cb3288d45d61a481d87a2ce.jpg

ကြိမ်နှင့်ဖန်တီးထားတဲ့ ဒီ တွေဟာလည်း နောက်ပိုင်းမှာလူငယ်တွေကြားမှာပိုပြီးရေပန်းစားလာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကြိမ်ပစ္စည်းတွေဟာ လူငယ်ပိုင်းတွေအကြိုက်တွေ့ကြလေ့မရှိပေမဲ့ ဒီလိုကြိမ်အိတ်တွေကိုတော့ Fashion Trend  တစ်ခုအနေနှင့်အသုံးများကြပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T