တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Jiangsu ပြည်နယ်၊ Suqian မြို့နှင့် Yancheng မြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့မွန်းလွဲပိုင်းလောက်မှာ နာရီပိုင်းအတွင်း လေဆင်နှာမောင်း ၂ ကြိမ်တိုက်ခတ်မှုကြောင့် လူ ၁၀ ဦးသေဆုံးပြီး အခြား ၄ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်အရ ပထမဆုံး လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် Suqian မြို့မှာ လူ ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၁၃၇ လုံး ၊ သီးနှံစိုက်ခင်းများနှင့် မွေးမြူရေးခြံများ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ ညနေပိုင်းမှာ Suqian မြိုရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၉၀ (မိုင် ၁၂၀ ခန့်) အကွာရှိ Yancheng မြို့မှာ ဒုတိယအကြိမ် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၅ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ လေဆင်နှာမောင်းတိုက်ခတ်မှုဟာ ရှားပါးဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် ၂၀၂၁ ခုနှစ်က ပြည်နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၁ ဦးသေဆုံးခဲ့သလို အဲ့ဒီတစ်နေ့တည်းမှာတင် အခြားလေဆင်နှာမောင်းကြောင့် ဝူဟန်မြို့မှာ လူ ၈ ဦးလောက် သေဆုံးခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source - khaosodenglish