အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှာ လက်ရှိ ရှားပါးရောဂါတစ်မျိုးဖြစ်တဲ့ Nipah ဗိုင်းရပ်စ် ကူးစက်မှုကြုံတွေ့နေရပြီး ယခုအချိန်အထိ သေဆုံးသူ ၂ ဦးထက်မနည်းရှိနေတယ်လို့ ဒေသတွင်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပြည်နယ်အတွင်းရှိ စာသင်ကျောင်းတွေနှင့် အလုပ်ရုံတွေကို ပိတ်ထားရပြီး ဒေသခံရာနဲ့ချီပြီး ရောဂါစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ Nipah ဗိုင်းရပ်စ်ရဲ့ သေဆုံးမှုနှုန်း မြင့်မားတာကြောင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေကို ဦးတည်သွားနိုင်ဖွယ်ရှိတယ်လို့ ပြောကြားထားပါတယ်။


Nipah ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်များမှာသာ အဓိကတွေ့ရှိရပြီး လူကိုတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါလက္ခဏာဟာ အများအားဖြင့် ထိတွေ့ပြီးနောက် ၄ ရက်မှ ၁၄ ရက်အကြားမှာ ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များဆုံး လက္ခဏာမှာ အဖျားတက်ခြင်းဖြစ်ပြီး နောက်မှာ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် အော့အန်ခြင်း တို့အပါအဝင် ဦးနှောက်ရောင်ရမ်းခြင်း၊ အိပ်ငိုက်ခြင်း၊ တက်ခြင်းစတဲ့ ပြင်းထန်တဲ့ လက္ခဏာများ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
သတင်း အရင်းအမြစ်៖ Source - ABC