ဘရာဇီးနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ တင်ဆောင်လာတဲ့ လေယာဉ် ပျက်ကျခဲ့လို့ လူ ၁၄ ဦး သေဆုံး

//s9.kh1.co/02/02000140ca98929ff4522f5f6a1bcb4ae96654fb.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၃ ၁pm · လွန်ခဲ့သော ၁၀ လ က

ဘရာဇီးနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ တင်ဆောင်လာတဲ့ လေယာဉ် ပျက်ကျခဲ့လို့ လူ ၁၄ ဦး သေဆုံး

ဘရာဇီးနိုင်ငံ၊ Barcelos မြို့မှာ ကမ္ဘာလှည့်ခရီးသည်များ တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတကာ သတင်းတွေက ရေးသားဖော်ပြထားပါတယ်။ 

https://s9.kh1.co/__image/w=602,h=532,q=100/d0/d012fc9899eae41adf14602baaa6e513f28c6b05.jpg

အဆိုပါ လေယာဉ်မှာ ခရီးသည် ၁၂ ဦးအပါအဝင် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူး တစ်ဦးတို့ လိုက်ပါလာခဲ့ပြီး ပျက်ကျမှုမှာတော့ အသက်ရှင်ကျန်ရစ်သူမရှိဘူးလို့ ဘရာဇီးပြည်သူ့ကာကွယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=518,h=720,q=100/03/03d7f729d881c026ca51020605c0a6b7ad7c340a.jpg
https://s9.kh1.co/__image/w=650,h=407,q=100/d8/d87d5d4a95e014c9135f6b89474b0300d856175a.jpg

CNN Brasil ရဲ့ ဖော်ပြချက်မှာ ခရီသည်တွေဟာ အပန်းဖြေငါးဖမ်းဖို့ နေရာကို သွားရောက်တာဖြစ်ပြီး လေယာဉ်ဆင်းသက်ချိန်မှာ ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျတာလို့ ဆိုပါတယ်။ အာဏာပိုင်တွေကတော့ သေဆုံးသူတွေရဲ့ အမျိုးအမည်များကို အသေးစိတ် ပြောကြားခြင်း မရှိပေမယ့် လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။ 

သတင်း အရင်းအမြစ်Source -CNN Brasil

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T