လစ်ဗျားနိုင်ငံ ဒါနာမြို့မှာ ရေလွှမ်းမိုးမှုဖြစ်ပြီး တစ်ပတ်အကြာမှာ သေဆုံးသူဦးရေ မြင့်တက်လာခဲ့သလို အသက်ရှင်ကျန်ရစ်သူတွေကို ကူညီဖို့ အာဏာပိုင်တွေက အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေက ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေနှင့် ရွှံ့နွံများဖုံးလွှမ်းနေတဲ့ စွန့်ပစ်မြေစာပုံများအောက် ပိတ်မိနေနိုင်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

ကုလသမဂ္ဂအေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဒါနာမြို့တစ်ခုတည်းတင် ရေလွှမ်းမိုးမှုကြောင့် လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်နေကြသူ လူဦးရေ ၃၀,၀၀၀ ကျော်ရှိနေပြီး ဝမ်းလျှောခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် အာဟာရချို့တဲ့အခြေအနေကို ကြုံတွေ့နေရတာကြောင့် သောက်ရေသန့် ၊ အစားအစာ၊ အမိုးအကာနှင့် အခြေခံရိက္ခာများ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လစ်ဗျားအရှေ့ပိုင်း ကျန်းမာရေးဝန်ကြီးရဲ့ အဆိုရ ဒါနာမြို့မှာ သေဆုံးသူဦးရေ ၃,၂၅၂ ဦးရှိတယ်လို့ အတည်ပြုပြောဆိုခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံးက တနင်္ဂနွေနေ့က ဖော်ပြချက်မှာ ဒါနာမြို့တစ်ခုတည်းတင် ပျောက်ဆုံးနေသူ ၁၀,၁၀၀ ရှိသေတာကြောင့် သေဆုံးသူဦးရေဟာ ၁၁,၃၀၀ အထိ မြင့်တက်လာနိုင်ကြောင့် ခန့်မှန်ထားခဲ့ပါတယ်။


လက်ရှိမှာ သဘာဝဘေးအန္တရာယ်ခံစားခဲ့ရတဲ့ လစ်ဗျားနိုင်ငံကို ပြင်သစ်၊ အီရန်၊ မော်လ်တာ၊ ရုရှား၊ တူနီးရှား၊ တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က လိုအပ်တဲ့ ကယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source - CNA