မော်ရိုကိုနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ဒဏ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၈၆၂ ဦးထိ မြင့်တက်လာကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ပျက်စီးနေတဲ့ အဆောက်အအုံတွေရဲ့ အောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို နေ့ရောညပါ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပူတပြင်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ပြိုကျပျက်စီးနေတဲ့ အအောက်အအုံတွေရဲ့ အောက်မှာ ပိတ်မိတဲ့သူတွေရှိသေးတာကြောင့် သေဆုံးသူ ဦးရေနှင့် ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ကလည်း ပိုပြီးမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အဆိုပါ အင်အားပြင်းမြေငလျင်ဟာ မာရာကတ်ချ်အနောက်တောင်ဘက် အက်လက်စ်တောင်တန်းဒေသမှာ ပြီးခဲ့တဲ့ သောကြာနေ့နှောင်းပိုင်းက လှုပ်ခတ်ခဲ့ပြီး လူနေအဆောက်အအုံများပြိုကျပျက်စီးခဲ့ရာကနေ လူပေါင်း ၂၅၀၀ ကျော်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source- CNA