မော်ရင်ဟိုရဲ့ရိုးမားကို အနိုင်ယူပြီး ယူရိုပါလိဂ်ချန်ပီယံဖြစ်လာတဲ့ ဆီဗီလာ...

//s9.kh1.co/36/36e911e75e504f40ff4fb78fa722d2862326129c.jpg
အားကစားသတင်းများ

 ၀၁-ဇွန်-၂၀၂၃ ၇pm · လွန်ခဲ့သော တစ်နှစ် က

မော်ရင်ဟိုတောင်မတားနိုင်တော့ဘူး..

ဆီဗီလာကတော့ ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရိုးမားကို အနိုင်ကစားပြီး ယူရိုပါလိဂ်ချန်ပီယံဖြစ်လာခဲ့ပါပြီ။ ရိုးမားဟာ ဒိုင်ဘာလာရဲ့သွင်းဂိုးနဲ့ ပြိုင်ပွဲကိုဦးဆောင်ခဲ့ပေမယ့် နောက်ခံကစားသမားမန်ချီနီရဲ့ own goal ကြောင့် ပယ်နယ်တီအဆုံးအဖြတ်ထိ ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။ ပယ်နယ်တီ (၂) လုံးလွဲချော်ခဲ့တာကြောင့် ရိုးမားတို့ ယူရိုပါလိဂ်ဆုဖလားကြီးနဲ့ ဝေးကွာခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/83/833c13504ead706b0f76775a66d3035ee5b932e1.jpg
https://s9.kh1.co/__image/w=650,h=813,q=100/06/06c0b8611d21215b0497db8f828aafabd4e06fd3.jpg

ဆီဗီလာဟာ ယူရိုပါလိဂ်ဘုရင်လို့တင်စားရလောက်အောင် ယူရိုပါလိဂ်ကို (၇) ကြိမ်မြောက်ရယူထားနိုင်တဲ့အပြင် ဖိုင်နယ်ရောက်တိုင်း ရှုံးပွဲမရှိတဲ့စံချိန်ကိုပါ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

ဥရောပပြိုင်ပွဲတွေမှာ ဖိုင်နယ်ရောက်တိုင်းရှုံးပွဲမရှိပါဘူးဆိုတဲ့ နည်းပြကြီးမော်ရင်ဟိုတောင် ဆီဗီလာရဲ့စံချိန်ကိုရပ်တန့်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/d1/d17b1640d24b96e744d58247b36cc5fe9815dabb.jpg

Congratulations Sevilla 🎉

https://s9.kh1.co/__image/w=650,h=813,q=100/18/1883dc7fa0c65cfea0870fb121e4ff961a1e3e2a.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T