BLACKPINK စတိတ်ရှိုးလက်မှတ် လိမ်ရောင်းခဲ့တဲ့ ထိုင်းအမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

//s9.kh1.co/67/67ae08a0e9ad9b6c87510e76069f9df86952c78a.jpg
နေ့စဉ်သတင်းများ

 ၀၁-ဇွန်-၂၀၂၃ ၁pm · လွန်ခဲ့သော တစ်နှစ် က

BLACKPINK စတိတ်ရှိုးလက်မှတ် လိမ်ရောင်းခဲ့တဲ့ ထိုင်းအမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

မကြာသေးမီက ထိုင်းနိုင်ငံမှာ ဗန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့  စတိတ်ရှိုးပွဲမှာ  လက်မှတ်လိမ်ရောင်းခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကို မေလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။ 

Photo Credit - IDMD
Photo Credit - IDMD

အဆိုပါ အမျိုးသမီးဟာ လိမ်လည်မှု ၉ ခုဖြင့် ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပြီး သူမကို မြို့တော်ဗန်ကောက်၊ လာ့ဖရောင်း မြို့နယ်ထဲရှိ တိုက်ခန်းတစ်ခုမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ သူမဟာ ဘတ် ၉၆၀၀ တန်အွန်လိုင်းလက်မှတ်များကို အစောင် ၂၀၀ ဝယ်ယူ ထားပြီး ပရိသတ်များကို ၁ စောင်လျှင် ဘတ် ၁၅၀၀၀ မှ ၃၀၀၀၀ အထိ ပြန်လည်ရောင်းချခဲ့သလို ရောင်းကုန်သွားတဲ့ လက်မှတ်တွေကိုလည်း လောဘစိတ်ကြောင့် လက်မှတ်မိတ္တူများဖြင့် ထပ်ခါတလဲလဲ ရောင်းချခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

Photo Credit - IDMD
Photo Credit - IDMD

စတိတ်ရှိုးကျင်းပတဲ့နေ့မှာတော့ သူမဟာ ထိုင်ခုံတစ်ခုံကို လူလေးငါးယောက်အထိ လက်မှတ်ရောင်းထားတာကြောင့် လက်မှတ်ဝယ်ယူထားသူများက ငွေပြန်တောင်းသဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Photo Credit - IDMD
Photo Credit - IDMD

လက်ရှိမှာတော့ အဆိုပါ အမျိုးသမီးက လိမ်ရောင်းထားတဲ့ လက်မှတ်ဖိုးတွေကို တစ်ယောက်မကျန်ပြန်ပေးမယ်လို့ ပြောပေမယ့် ရဲတပ်ဖွဲ့ကထိန်းချုပ်ထားပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

Photo Credit - IDMD
Photo Credit - IDMD

.

သတင်း အရင်းအမြစ်Source - thethaiger

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T