ဧဝရတ်တောင် 'မရဏဇုန်'မှာ မလေးရှားတောင်သမားတစ်ဦးကို နီပေါတောင်တက်လမ်းပြတစ်ဦးက ကယ်ထုတ်လာခဲ့လို့ အသက်ဘေးကနေ လွတ်မြောက်လာခဲ့တယ်လို့ အစိုးရအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့ (မေ ၃၁)မှာ ပြောကြားခဲ့ပါတယ်။

အသင် ၃၀ နှစ်အရွယ်ရှိတဲ့ မလေးရှားနိုင်ငံသား Gelje Sherpa ဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ၈,၈၄၈.၈၆ မီတာ (၂၉,၀၃၁.၇ ပေ)မြင့်တဲ့ ဧဝရတ်တောင်ထိပ်မှာ တရုတ်ဧည့်သည်တစ်ဦးအား လမ်းပြနေစဉ် ရာသီဥတုဆိုးရွားမှုကြောင့် တောင်ပေါ်မှာ ပိတ်မိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် နီပေါတောင်တက်လမ်းပြတစ်ဦးက ကြိုးတစ်ချောင်းဖြင့် တွယ်ကပ်နေတဲ့ အဆိုပါ အမျိုးသားကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင်ဖြစ်နေတဲ့ အဆိုပါ အမျိုးသားကို ဖျာလိပ်နဲ့ထုတ်ပိုးပြီး နီပေါတောင်တက်လမ်းပြတွေက ၆ နာရီကြာ ကျောပေါ်တင် လမ်းလျှောက်သယ်ထုတ်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ အဆိုပါ တောင်တက်သမားဟာ မလေးရှားနိုင်ငံကို လေယာဉ်ဖြင့် ပြန်လည်လိုက်ပါသွားခဲ့ပြီလို့ သိရပါတယ်။ နီပေါအာဏာပိုင်တွေကတော့ ယခုနှစ် မတ်လမှ မေလအထိ ဧဝရတ်တောင်တက်ရာသီမှာ စံချိန်တင် ပါမစ် ၄၇၈ ခု ထုတ်ပြန်ထားခဲ့ပေမယ့် အနည်းဆုံး တောင်တက်သမား ၁၂ ဦး သေဆုံးပြီး နောက်ထပ် ၅ ဦးလည်း တောင်ပေါ်မှာ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်៖ CNA