ဂျပန်နိုင်ငံ၊ ချီဘာမြို့မှာ ကျင်းပပြုလုပ်သွားမယ့် 11th Junior Soccer World Challenge 2023 ပြိုင်ပွဲမှာ မြန်မာ အမျိုးသား ယူ - ၁၂ အသင်း ဝင်ရောက် ယှဥ်ပြိုင်သွားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ Junior Soccer World Challenge ပြိုင်ပွဲဟာ ၂၀၁၃ ခုနှစ်မှ စတင်ကာ ကျင်းပနေတာ ဖြစ်ပြီး နာမည်ကျော် ဥရောပ အသင်းကြီးများဖြစ်တဲ့ ဘာစီလိုနာ၊ လီဗာပူး၊ အာဆင်နယ်၊ အက်စ်ပါးညို၊ ဂျပန်၊ တရုတ်၊ မက္ကဆီကို စတဲ့ ယူ- ၁၂အသင်းများ ပါဝင်ယှဉ်ပြိုင်ထားတာ ဖြစ်ပါတယ်။ ယခုပြိုင်ပွဲမှာတော့ မြန်မာ ယူ-၁၂ အသင်းက ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံရတာဖြစ်ပြီး ဘာစီလိုနာ ၊ ဂျူဗင်တပ်စ်၊ နှင့် ဂျေလိဂ်လူငယ်အသင်းများနှင့်အတူ တစ်အုပ်စုတည်း ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ် ကျင်းပမည့် 11 th Junior Soccer World Challenge 2023 ပြိုင်ပွဲအား စုစုပေါင်း ၃၂ သင်းပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ၄ သင်းပါ အုပ်စု ၈ ခုခွဲကာ ပတ်လည်စနစ်ဖြင့် ကစားသွားမှာဖြစ်ပြီး ပွဲစဉ်များကိုတော့ သြဂုတ် ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမှာလို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ MFF