ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ မယ်ရင်မြို့နယ်ရှိ Nakornping ဆေးရုံမှာ အမျိုးသားတစ်ဦးရဲ့ ဆီးလမ်းကြောင်းထဲကနေ အလေးချိန် ၇၀၀ ဂရမ်ကျော်ရှိတဲ့ ဆီးကျောက်ကို ခွဲထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၇၄ နှစ်အရွယ်ရှိတဲ့ ထိုင်းအမျိုးသားတစ်ဦးဟာ ဆီးစပ်အောင့်ခြင်း၊ ဆီးသွားနည်းခြင်း၊ ကိုကာကိုလာအရောင်ဆီးသွားခြင်း စတဲ့လက္ခဏာများကို ၄-၅ လကြာခံစားနေရလို့ ဆေးရုံကို သွားရောက်ပြသခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ ဆီးလမ်းကြောင်းကို ဓာတ်မှန်ရိုက်ကြည့်တဲ့အချိန်မှာတော့ ၁၀ × ၈.၆ စင်တီမီတာအရွယ်ရှိတဲ့ မယုံနိုင်စရာ ဆီးကျောက်တည်နေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။


အဲ့ဒီနောက် ဆီးလမ်းကြောင်းမှာ တည်နေသောကျောက်ကို ခွဲထုတ်ခဲ့ရာမှာတော့ အလေးချိန် ၇၀၇.၆ ဂရမ်အထိရှိတဲ့ ကျောက်ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ နှစ်စဉ် ဆီးလမ်းကြောင်းကျောက်တည်လူနာဦးရေ ၅ သောင်းကျော်ရှိပြီး ၅ ရာခိုင်နှုန်းမှာ ဆီးအိမ်ကျောက်တည်ရောဂါဖြစ်တယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်៖ Source - โรงพยาบาลนครพิงค์