အမေရိကန် ထောက်လှမ်းရေးလေယာဉ်အနီးမှာ ဖြတ်သန်းလေ့ကျင့်ခဲ့တဲ့ တရုတ်တိုက်လေယာဉ်

//s9.kh1.co/cc/cc2b474563882d534aa1dff98c05bc33148b3c80.jpg
နေ့စဉ်သတင်းများ

 ၃၁-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၁၀ လ က

အမေရိကန် ထောက်လှမ်းရေးလေယာဉ်အနီးမှာ ဖြတ်သန်းလေ့ကျင့်ခဲ့တဲ့ တရုတ်တိုက်လေယာဉ်

တရုတ်တိုက်လေယာဉ်တစ်စင်းဟာ တောင်တရုတ်ပင်လယ်ပြင်မှာ ကင်းထောက်နေတဲ့  အမေရိကန် လေယာဉ်အနီးမှာ မလိုအပ်ဘဲ ဖြတ်သန်းလေ့ကျင့်ခဲ့ကြောင်း အမေရိကန်စစ်တပ်က အင်္ဂါနေ့ (မေလ ၃၀ ရက်)က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

Photo Credit - From Google 
Photo Credit - From Google 

တရုတ်ရဲ့ ဒီလိုအပြုအမူဟာ ထိုင်ဝမ်နှင့် ပေကျင်းတို့အကြား တင်းမာမှုနှင့် မကြာသေးမီက အမေရိကန်ကပစ်ချခံခဲ့ရတဲ့ တရုတ်သူလျှိုမီးပုံးပျံ ကိစ္စတွေ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် (INDOPACOM) က သောကြာနေ့က ထုတ်ပြန်ချက်မှာတော့ တရုတ်လေယာဉ်ဟာ RC-135 နဲ့ ပေ ၄၀၀ အကွာအဝေးကနေ တိုက်ရိုက်ပျံသန်းခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Photo Credit - From Google 
Photo Credit - From Google 

မီဒီယာတွေရဲ့ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်တွေမှာတော့ တရုတ်တိုက်လေယာဉ်တစ်စင်း အနီးကနေ ဖြတ်သန်းသွားချိန်မှာ အမေရိကန်ရဲ့ ထောက်လှမ်းရေး RC-135 လေယာဉ်ဟာ အနည်းငယ်တုန်ခါသွားတာ တွေ့ရပါတယ်။

Photo Credit - From Google 
Photo Credit - From Google 

အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့ဟာ နိုင်ငံတကာဥပဒေနှင့်အညီ တောင်တရုတ်ပင်လယ်ပြင်ရဲ့ အပြည်ပြည်ဆိုင်ရာလေပိုင်နက်အတွင်းမှာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပုံမှန်စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာလို့လည်း ထုတ်ပြန်ထားပါတယ်။ 

သတင်း အရင်းအမြစ်Source - CNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T