မန်ချက်စတာယူနိုက်တက်အသင်းမှာ တောင်ပံ ကစားသမားအဖြစ် အရမ်းကို စိတ်အားထက်သန်စွာ ကြိုးစားကစားသလို အသက်ငယ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသူကတော့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပရိသတ်တွေရဲ့ အချစ်တော် ဂါနာချို ပဲဖြစ်ပါတယ်။

ဂါနာချို ဟာ ဘောလုံးအားကစားကို သိပ်ကိုသဘောကျခင်တွယ်တဲ့ ကစားသမားဖြစ်သလို သူ့ဘဝမှာ သူ့ရဲ့ စံပြပုဂ္ဂိုလ် Idol အဖြစ် သတ်မှတ်ထားသူကတော့ စီရော်နယ်ဒို ဖြစ်ပြီး သူ ဂိုးသွင်းပြီးလို့ အောင်ပွဲခံရင်တောင် စီရော်နယ်ဒို လို ပုံစံမျိုးနဲ့ အောင်ပွဲခံလေ့ရှိတတ်တာကို ပရိသတ်တွေက သတိထားမိကြမှာဖြစ်ပါတယ်။


အခုလည်း ဂါနာချိုက သူ့ရဲ့ Idol ဖြစ်သူ ခရစ်တီယာနိုရော်နယ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ ရဲ့ ခြေထောက်မှာ တက်တူးအသစ်ထိုးလိုက်ပြီဖြစ်တယ် လို့ သိရပါတယ် ။ သူ့ရဲ့ခြေထောက်မှာ ရော်နယ်ဒို ဂိုးသွင်းပြီးအောင်ပွဲခံနေပုံကို တလေးတစားနဲ့ တက်တူးအဖြစ်အသက်သွင်းလိုက်တာဖြစ်ပါတယ်။ ရော်နယ်ဒိုအပေါ်ထားတဲ့ ဂါနာချိုရဲ့ ချစ်ခင်မှုလေးစားမှုကတော့ တကယ်ကို အံ့ဩစရာပါပဲ။


