ဖလားပိုင်ရှင် မသိရသေးပေမယ့် FA ဖလား မှာ " MANCHESTER " ဆိုတဲ့စကားလုံးကို တစ်ပတ်အလိုတည်းက ရေးထိုးထားလိုက်ပြီ

//s9.kh1.co/84/84a7f75f6b60f0f12a67788d297b333d2e355218.jpg
အားကစားသတင်းများ

 ၃၁-မေ-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

FA ဖလား ဗိုလ်လုပွဲမှာ ပထမဆုံးအနေနဲ့ မန်ချက်စတာအသင်းနှစ်သင်းတွေ့ဆုံ....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

သိပ်မကြာခင် ဇွန်လ (၃)ရက်နေ့ ည(၈း၃၀) နာရီအချိန်မှာတော့ တကယ်ကို စံချိန်တင် မြို့ခံပြိုင်ဘက် အသင်း နှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ မန်စီးတီးအသင်းတို့ ဟာ FA ဖလား အတွက် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

FA ဖလား ပွဲစဉ် သက်တမ်းတစ်လျှောက် မှာဆိုရင် အခုလို မန်ချက်စတာအသင်း နှစ်သင်း ဗိုလ်လုပွဲတွင် တွေ့ဆုံမှု ဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် မန်ချက်စတာအသင်း နှစ်သင်း ဗိုလ်လုပွဲတွင် တွေ့ဆုံမှုအား အသိအမှတ်ပြုတဲ့အနေနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ထူးခြားတာတစ်ခုကိုပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ဒီဗိုလ်လုပွဲကို အသိအမှတ်ပြုတဲ့အနေနဲ့ ဗိုလ်လုပွဲစတင်မကစားမီ တစ်ပတ်အလိုမှာတည်းက " Manchester " ဆိုတဲ့ စကားလုံးကို ဆုဖလားမှာ ရေးထိုးထားပြီးဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အသိအမှတ်ပြုမှုနဲ့အတူ အားကစားဝါသနာရှင်ပရိသတ်တွေလည်း အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။

Source - Up to Date Manchester United News

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T