ဒီမနက်ကစားခဲ့တဲ့ EURO Qualification Cup ပွဲစဉ်မှာ Southgate ရဲ့ အင်္ဂလန်အသင်းဟာ Mancini ရဲ့ အီတလီအသင်းကို 1-2 ရလာဒ်နဲ့အနိုင်ရခဲ့ပါတယ်။

အုပ်စု C ရဲ့ အဓိကအသင်းကြီးနှစ်သင်းတွေ့ဆုံမှုဖြစ်တဲ့အတွက် နှစ်သင်းလုံးဟာ အကောင်းဆုံးကစားသမားတွေနဲ့ ပွဲထွက်ခဲ့ကြပါတယ်။ ပထမပိုင်းမှာ အင်္ဂလန်အသင်းက သိသိသာသာဖိကစားခဲ့ပြီး သွင်းဂိုးတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကို 13' မှာ ကွင်းလယ်ကစားသမား Declan Rice က သွင်းယူခဲ့ပါတယ်။ ဒုတိယဂိုးကို တိုက်စစ်မှူး Harry Kane က ပယ်နယ်တီကတစ်ဆင့် 44' မှာ သွင်းယူနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းစကတည်းက အီတလီအသင်းဟာ ချေပဂိုးရနိုင်ဖို့အတွက် တိုက်စစ်ဆင်ပြီး ပိုမိုကောင်းမွန်အောင်ကစားခဲ့ပါတယ်။ 56' မှာ Mateo Retegui ရဲ့သွင်းဂိုးကတစ်ဆင့် အီတလီချေပဂိုးရခဲ့ပေမယ့် နောက်ထပ်သွင်းဂိုးတွေ သွင်းယူနိုင်ခြင်း မရှိတော့ဘဲ အရှုံးနဲ့သာကျေနပ်ခဲ့ရပါတယ်။

အုပ်စု C မှာ အင်္ဂလန်၊ အီတလီ၊ ယူကရိန်း၊ တောင်မက်စီဒိုနီးရားနှင့် မာလ်တာ စတဲ့အသင်းတွေပါဝင်ပြီး အင်္ဂလန်က ဇယားထိပ်မှာ ယာယီဦးဆောင်နေပါတယ်။