ရီးရဲလ်မက်ဒရစ်အသင်း ၊ အာဆင်နယ်အသင်းနဲ့ ဂျာမနီ အသင်း တို့ရဲ့ အဓိက ကစားသမားဟောင်း ဖြစ်သူ မီဆွတ်အိုဇေးလ် က သူသိပ်ကိုချစ်ခင်မြတ်နိုးတန်ဖိုးထားရတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါပြီ။

မီဆွတ်အိုဇေးလ် ဟာ သူ့ရဲ့ ဘောလုံးကစားသမားဘဝမှာ ကမ္ဘာ့ဖလား (၁) ကြိမ် ၊ လာလီဂါ (၁) ကြိမ် ၊ ဂျာမန်ဖလား (၁) ကြိမ် ၊ ကိုပါဒယ်ရေးဖလား (၁) ကြိမ် ၊ စပိန်စူပါဖလား (၁) ကြိမ် ၊ အက်ဖ်အေဖလား (၄) ကြိမ် ၊ ကွန်မြူနတီဒိုင်း (၂)ကြိမ် ၊ ဥရောပ ယူ-၂၁ဖလား (၁)ကြိမ် တို့ကို ထိုက်တန်စွာ ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ပရဟိတတွေကိုလည်း သိပ်ချစ်မြတ်နိုးတဲ့ အိုဇေးလ် ဟာ ဘောလုံးကစားသမားဘဝမှာတင် တကယ်ဒုက္ခရောက်ပြီး အခက်ကြုံတွေ့နေသူပေါင်းများစွာ အတွက် အလှူအတန်းပေါင်းများစွာကို ထိရောက်စွာ ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အိုဇေးလ်တစ်ယောက် အနားယူပြီး အေးချမ်းကောင်းမွန်တဲ့သာမန်မိသားစုဘဝမှာ ပျော်ရွှင်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။
