တစ်ခေတ်တစ်ခါက ဘောလုံးဝါသနာရှင် နဲ့ အားကစားပရိသတ်တို့အားလုံးရဲ့ အချစ်တော် အသည်းကျော်ပဲလှော် ၊ ဖရီးကစ် နဲ့ ပတ်သက်လာရင် ဘယ်သူကမှလိုက်မမှီနိုင်အောင်ကို ထူးချွန်သူ ၊ ဖက်ရှင်နဲ့ပတ်သက်လာရင်လည်း တကယ့်ကို အကျလေးစားဖွယ်ကောင်းလောက်အောင် မိမိုက်နေသူ တစ်ဦး ကတော့ အားလုံးက ဘက်ခမ်း လို့ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ ဒေးဗစ်ဘက်ခမ်း ဖြစ်ပါတယ်။


ဒေးဗစ်ဘက်ခမ်း ဟာ ဘောလုံးလောကမှ အနားယူခဲ့ပြီးနောက်မှာတော့ သူဝါသနာပါရာ စီးပွားရေးလုပ်ငန်းများ ၊ လူမှုရေး ကိစ္စများ နှင့်သာ အချိန်ကုန်ဆုံးနေခဲ့ပြီး မိသားစုနဲ့အတူ အချိန်ကုန်ဆုံးရင်းနဲ့လည်း ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေခဲ့ပါတယ်။ သူနဲ့လိုက်ဖက်တဲ့ ကြော်ငြာအချို့ကိုလည်း ရိုက်ကူးရင်း ဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။


ဒေးဗစ်ဘက်ခမ်း ဟာ အခုချိန်မှာတော့ သူ့ရဲ့ သမီးဖြစ်သူ ဟာပါဆဲဗင်း နဲ့ အတူ အချိန်တွေကုန်ဆုံးနေတာဖြစ်ပါတယ်။ အခုလည်း သူ့ရဲ့သမီးဖြစ်သူနဲ့အတူ အချိန်ကုန်ဆုံးနေတဲ့ ချစ်စဖွယ်ပုံလေးတစ်ပုံကို ပရိသတ်ထံချပြလာခဲ့ပြီး အဆိုပါပုံလေးကို ပရိသတ်တွေ ကြည့်ရှုနိုင်စေရန်ဖော်ပြလိုက်ရပါတယ်။
