ဇနီးဖြစ်သူရဲ့ အသက်(၂၉)နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်နေခဲ့တဲ့ စီရော်နယ်ဒို

//s9.kh1.co/5f/5fbdae56f70ffbe4af902a4d86f2693559e402ac.jpg
အားကစားသတင်းများ

 ၀၁-ဖေ-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

ပရိသတ်အချစ်‌တော် စီရော်နယ်ဒို ဟာ စိတ်ညစ်စရာ ဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ရ‌ပေမယ့်လည်း..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဘောလုံးဝါသနာရှင်တွေအားလုံးရဲ့ အချစ်တော် ၊ ခန္ဓာကိုယ်တည်ဆောက်ထိန်းသိမ်းမှုမှာ ဆရာကျလွန်းတာကြောင့် ပရိသတ်ရဲ့ လေးစားအားကျမှုကို အပြည့်အဝရရှိထားသူ ၊ ဘောလုံးအားကစားနဲ့ပတ်သက်လာရင် အင်မတန် စိတ်အားထက်သန်မှုများသူ ၊ ဘောလုံး ဟာ သူ့ရဲ့ ဘဝကြီး လို့ကို ခံယူထားသူကတော့ အားလုံးက ဒိုလေး လို့ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ စီရော်နယ်ဒို ပါပဲ။

Photo Credit From Original Uploader
Photo Credit From Original Uploader

စီရော်နယ်ဒိ ဟာ (၂၀၂၂) ခုနှစ်မှာ သူ့ဘဝရဲ့ အလှည့်အပြောင်းတချို့ကို အတော်လေး ခံစားခဲ့ရပါတယ်။ သူ့အနေနဲ့ ခြေစွမ်းကျလာမှုတွေကို ကြုံတွေ့လာရသလို သူခြေစွမ်း ကျလာခဲ့ပြီဆိုတာကိုလည်း ပရိသတ်တွေတော်တော်များများ က လက်သင့်ခံလာရတဲ့ အနေအထားကို ကြုံတွေ့ခဲ့ရပြီး ဒါဟာ သူ့ဘဝရဲ့ အမှောင်ဆုံးနေ့ရက်တွေထဲ ပါဝင်ခဲ့တယ်ဆိုတာ တစ်ကမ္ဘာလုံး က ပရိသတ်တွေကလည်း လက်ခံခဲ့ကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့် စီရော်နယ်ဒို ဟာ (၂၀၂၃) ခုနှစ်မှာတော့ သူ့ဘဝရဲ့ အမှောင်ဆုံးနေ့ရက်တွေကိုကျော်ဖြတ်နိုင်ခဲ့ပုံပါပဲ။ သိပ်မကြာခင် ရက်ပိုင်း ကကျရောက်ခဲ့တဲ့ သူ့အမျိုးသမီးဂျော်ဂျီနာ ရဲ့  အသက်(၂၉)နှစ်ပြည့်မွေးနေ့မှာ သူ့ကို ပျော်ရွှင်စွာတွေ့ခဲ့ရပါတယ်။ ဘဝမှာ အဆိုးဆုံးကိုရင်ဆိုင်ရတဲ့အချိန်အထိ အတူတူရှိပေးခဲ့တဲ့ ဇနီး နဲ့ မိသားစုကို အချိန်ပေးရင်း ပျော်ရွှင်နေတဲ့ စီ‌ရော်နယ်ဒို ကို ပရိသတ်ကြီးကြည့်ရှုနိုင်စေရန်ဖော်ပြပေးလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T