မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုက သိပ်မကြာခင်ကာလ က ဆော်ဒီနိုင်ငံ က နာမည်ကျော် ဆော်ဒီကလပ် အသင်းတစ်ခုဖြစ်တဲ့ အယ်နက်ဆာနဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အခုဆိုရင်တော့ သူ့ရဲ့ ဆော်ဒီမြေက ပထမဦးဆုံးပွဲဖြစ်တဲ့ PSG အသင်းနဲ့အတူ ပွဲဦးထွက်လာခဲ့ပြီလို့ သိရပါတယ်။

အယ်နက်ဆာအသင်းဟာ ဆော်ဒီအစိုးရရဲ့ ထောက်ခံ အားပေးမှုနဲ့အတူ ရော်နယ်ဒိုကို တစ်နှစ်လျှင် လုပ်ခလစာ ပေါင် (၁၇၀) သန်းအထိ ပေးချေကာ (၇) နှစ် သက်တမ်းအထိ စာချုပ်ချုပ်ဆိုသွားဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရော်နယ်ဒို တစ်ယောက် ဘောလုံးသမား ဘဝ က အနားယူသွားခဲ့ရင်တောင် ဆော်ဒီရဲ့ ဘောလုံးရေးရာ တာဝန်ရှိသူ တစ်ဦး အဖြစ် (၅)နှစ်ကြာ လုပ်ကိုင်ပေးဖို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။

စာချုပ်ချုပ်ဆိုပြီးခဲ့တာနဲ့ ရော်နယ်ဒို ဟာ ဆော်ဒီအာရေဗျနိုင်ငံ သို့ ထွက်ခွာခဲ့ပြီး အယ်နက်ဆာ အသင်းနဲ့အတူပျော်ရွှင်နေခဲ့ပုံပါပဲ။ အခု ပွဲဦးထွက်အနေနဲ့ PSG အသင်း နဲ့ ကစားခဲ့ရာမှာလည်း သူ့အနေနဲ့ စိတ်ဖိစီးမှုလုံးဝမရှိဘဲ ပျော်ရွှင်နေခဲ့တယ် လို့ သိရပြီး သူ့ ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ " ပွဲစဉ်တွေ အခုလို ပြန်ကစားရတာပျော်သလို အမှတ်ပေးစာရင်းဇယားပေါ် ပြန်လည်ရောက်ရှိလာတာကိုလည်း ဝမ်းသာရပါတယ်။ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ရတာလည်းသိပ်ဝမ်းသာတယ်။ " လို့ရေးသား ဖော်ပြလာခဲ့ပါတယ်။


