နေမာမရှိတုန်း ဘရာဇီးလ်ပရိသတ်တွေကြားမှာ ဆယ်လီဖြစ်သွားတဲ့ နေမာအတု

//s9.kh1.co/95/951d0c7dce2a6e269cdcdca1b5e6a51ae0470847.jpg
အားကစားသတင်းများ

 ၂၉-နို-၂၀၂၂ ၄pm · လွန်ခဲ့သော တစ်နှစ် က

နေမာမရှိတုန်း ဘရာဇီးလ်ပရိသတ်တွေကြားမှာ ဆယ်လီဖြစ်သွားတဲ့ နေမာအတု

တနင်္လာနေ့က ဘရာဇီးလ်က ဆွစ်ဇာလန်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နေမာနှင့် ရုပ်ချင်းဆင်တူတဲ့ အမျိုးသားတစ်ဦးကို ပရိသတ်တွေက သူ့ထက်ငါ ဆဲလ်ဖီရိုက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဘရာဇီးလ်ပရိသတ်က နေမာဆိုပြီး ဆဲလ်ဖီရိုက်နေကြတဲ့ အဆိုပါ အမျိုးသားရဲ့ ရုပ်ပုံတွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်ခဏလေးအတွင်းမှာ ရေပန်းစားခဲ့ပါတယ်။

Photo Credit - Si/From Google 
Photo Credit - Si/From Google 
Photo Credit - Si/From Google 
Photo Credit - Si/From Google 

ဘရာဇီးလ်ပရိသတ်တွေ ဆဲလ်ဖီရိုက်ချင်လည်း ရိုက်ချင်စရာပါ။ အဆိုပါ အမျိုးသားဟာ နေမာ နဲ့တူအောင် ပါးသိုင်းမွှေးကအစ သေချာထားထားသလို လည်ပင်းမှာလည်း တက်တူးတွေ ထိုးထားပါသေးတယ်။ ပရိသတ်အချို့ကတော့ သူနဲ့အတူ ဆဲလ်ဖီတွဲရိုက်ပြီး အခြားသူတွေ အထင်ကြီးလေးစားသွားအောင် သူက လက်ဝှေ့ယမ်းပြခဲ့ပါသေးတယ်။ ဒါ့အပြင် သူ့ရဲ့ဘေးမှာလည်း လုံခြုံရေးအစောင့်နှစ်ယောက်က လိုက်ပါပေးခဲ့တာ တွေ့ရပါတယ်။

Photo Credit - Si/From Google 
Photo Credit - Si/From Google 
Photo Credit - Si/From Google 
Photo Credit - Si/From Google 

ဘရာဇီးလ်တိုက်စစ်မှူး နေမာကတော့ ဆားဘီးယားကို အနိုင်ရတဲ့ ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် အနည်းဆုံး ၂ ပွဲဆက်လောက်အနားယူထားရတာလည်း ဖြစ်ပါတယ်။

Photo Credit - Si/From Google 
Photo Credit - Si/From Google 

သတင်း အရင်းအမြစ်Source - si.com

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T