ပရာယွတ်ကို ဝန်ကြီးချုပ် အဖြစ် ပြန်လည်ခန့်အပ်ခြင်းအား မကျေနပ်တဲ့အတွက် ဆန္ဒပြသူများ များပြားနေ

//s9.kh1.co/8d/8d84d94d0861795fdb648a5da89021b9caae3ad7.jpg
နေ့စဉ်သတင်းများ

 ၀၁-အောက်-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

ဝန်ကြီးချုပ်သက်တမ်း(၈)နှစ်ပြည့်သွားပြီဖြစ်ပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့သွေဖယ်...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

သိပ်မကြာခင် က ထိုင်းဝန်ကြီးချုပ် ပရာယွတ် ဟာ ဝန်ကြီးချုပ် သက်တမ်း (၈)နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ဥပဒေ အရ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ဟာ ရာထူးက ဆိုင်းငံ့ခံလိုက်ရတယ်ဆိုတာအားလုံးကသိကြမှာပါ။ သို့ပေမယ့် ပရာယွတ်ချန်အိုချာဟာ သူ့ရဲ့ လက်ရှိသက်တမ်းကုန်ဆုံးတဲ့ အချိန်အထိ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နိုင်မယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ယမန်နေ့ စက်တင်ဘာ(၃၀)ရက်နေ့ မှာ ဆုံးဖြတ်လိုက်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ပရာယွတ် ဟာ သူ့ရဲ့ ဝန်ကြီးချုပ် အခန်းကဏ္ဍအတွက် သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရှစ်နှစ်ကြာ ကန့်သတ်ချက်တွေကို မကျော်လွန်သေးကြောင်းလည်း တရားရုံးက ဆိုထားသလို တော်ဝင်ဘုရင်နန်းတော်ကနေ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို အတည်ပြု လိုက်ပြီး နောက် ပရာယွတ်ဟာ (၂၀၁၇) ခုနှစ် ဧပြီလ (၆) ရက်နေ့မှာ မှ ဝန်ကြီးချုပ် ဖြစ်လာခဲ့ကြောင်းလည်း တရားရုံးက ဆုံးဖြတ်ခဲ့တာ​ကြောင့် ဝန်ကြီးချုပ် ပရာယွတ်ဟာ သူရဲ့ ဝန်ကြီး ချုပ်ရာထူးကို ချက်ချင်းပြန်လည်ထမ်းဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒါတင်သာမက ယခုလာမယ့်အထွေထွေရွေးကောက်ပွဲအပြီးမှာ ပြန်လည်ရွေးချယ်ခံရရင်လည်း နောက်ထပ် နှစ်နှစ်ထက်မပိုတဲ့ တာဝန်ထမ်းဆောင်နိုင်မယ်လို့လည်း ဆုံးဖြတ်ခဲ့ပါသေးတယ်။ အဲ့သလိုဆုံးဖြတ်ချက်ပေါင်းများစွာကို မကျေနပ်တာကြောင့် လက်ရှိမှာ အတိုက်အခံတွေက ရှပ်အကျီ အမည်းရောင်များ ဝတ်ကာ ဘန်ကောက် မြို့လည်ခေါင်ရှိ အနုစဝါဒီကျောက်တိုင်မှာ စုရုံးကာ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T