ဦးခေါင်းရှိ အရေပြားအချို့ကို လှီးဖြတ်ပြီး စာတန်းပုံဖော်လိုက်တဲ့ အနက်ရောင် ဂြိုလ်သား

//s9.kh1.co/3b/3bdac77bff2fabe583a30b556fd9c6d1b61bc4e0.jpg
နေ့စဉ်သတင်းများ

 ၁၁-သြ-၂၀၂၂ ၈pm · လွန်ခဲ့သော ၂ နှစ် က

.

တက်တူးကိုရူးသွပ်ပြီး "အနက်ရောင် ဂြိုလ်သား" အဖြစ် ပြောင်းလဲဖို့တောင် ဆုံးဖြတ်ထားတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ဦးခေါင်းရှိ အရေပြားပေါ်မှာ အသားစအချို့ကို လှီးဖြတ်ပြီး စာတန်းတစ်ခုကို ပုံဖော်လိုက် ထားတယ်လို့ သိရပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star
Photo Credit - Daily Star
Photo Credit - Daily Star

Anthony Loffredo လို့ခေါ်တဲ့ ပြင်သစ်လူမျိုးဟာ အနက်ရောင်တက်တူးများဖြင့် ဦးခေါင်းမှခြေဖျားအထိ ဖုံးအုပ်ထားခြင်းကြောင့် လူအများရှေ့မှာ ထူးထူးခြားခြား အသွင်အပြင်ကို မြင်တွေ့ရတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာကတော့ သူ့ရဲ့ လက်ချောင်းအချို့ကိုလည်း ဖြတ်တောက်ထားတဲ့အပြင် ပါးစပ်၊ နှာခေါင်း ၊ နားရွက် အပါအဝင် အခြားအစိတ်အပိုင်းအချို့ကို ခွဲ့စိတ်ပြုပြင်ပြောင်းလဲထားတာ ဖြစ်ပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star
Photo Credit - Daily Star
Photo Credit - Daily Star

သူ့ရဲ့ Instagram မှာ follower 1.3 သန်းရှိပြီး အံ့အားသင့်စရာ ထူးထူးခြားခြား ပြုပြင်ပြောင်းလဲမှုတွေကြောင့် လူအများရဲ့ အာရုံစိုက်မှုကိုလည်း ရရှိခဲ့ပါတယ်။ အချို့သူများကတော့ ဒီလိုပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဒေါသထွက်ဖွယ်ကောင်းတဲ့ အကြံပြုချက်အချို့ကို ပေးကြပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star

သတင်း အရင်းအမြစ်Source - Daily Star

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T