အင်ဒိုနီးရှားက ချမ်းသာတဲ့ အသက် ၆၅ အရွယ် အမျိုးသားတစ်ဦးဟာ သူ့ထက် ၄၆ နှစ်လောက် ငယ်တဲ့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးကို လက်ထပ်ယူပြီးနောက် နှစ်လကြာမှာ ကွာရှင်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သက်ကြီးရွယ်အိုအမျိုးသားဟာ ခန်းဝင်ပစ္စည်း RM149,346.15 ဖြင့် အသက် ၁၉ နှစ်အရွယ်မိန်းကလေးနှင့်လက်ထပ်ခဲ့တာကြောင့် မေလပိုင်းလောက်က လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

Kompas သတင်းရဲ့ အဆိုအရ အသက် ၆၅ နှစ်အရွယ် ဟာဂျီဆွန်ဒါနီဟာ အသက် ၁၉ နှစ်အရွယ် Fia Barlanti နှင့် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားမှာ မေလ ၁၈ ရက်က လက်ထပ်ခဲ့ပြီး ခန်းဝင်ပစ္စည်းများစွာအပြင် ၎င်းရဲ့ သတို့သမီးအတွက် အိမ်နှင့် ကားတစ်စီးကိုလည်း ဝယ်ယူပေးခဲ့တယ်လို့ ဆိုပါတယ်။ အသက်အားဖြင့် ကွာဟချက်များရှိတာကြောင့် အွန်လိုင်းအသုံးပြုသူများကြားမှာ စိတ်ဝင်စားမှုမြင့်တက်သွားခဲ့ပါတယ်။

လက်ထပ်ပြီးတဲ့ နောက်မှာလည်း ဟာဂျီဆွန်ဒါနီဟာ သူ့ရဲ့သတို့သမီးမိသားစုများကိုပါ ခရီးစရိတ်အားလုံး အကုန်အကျခံပြီး မက္ကာကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခုမှာတော့ ဟာဂျီဆွန်ဒါနီဟာ သူ့ရဲ့သတို့သမီးနဲ့ ကွာရှင်းလိုက်ပြီလို့ သြဂုတ် ၃ ရက်က အင်စတာဂရမ်မှာဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် လင်မယားနှစ်ယောက် ဘာကြောင့်ကွာရှင်းရတာလဲဆိုတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

သတင်း အရင်းအမြစ်៖ Source - malay mail