ကြွက်စုတ်တွေကနေ လူကိုကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို တရုတ်မှာတွေ့ရှိ

//s9.kh1.co/66/66ff8e6027965f060ce28e333c59cf13b4b421f1.jpg
နေ့စဉ်သတင်းများ

 ၁၀-သြ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ကြွက်စုတ်များမှ လူသို့ ကူးစက်တယ်လို့ယူဆရတဲ့ ဗိုင်းရပ်စ်အသစ်ကို တရုတ်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Daily Star သတင်းမှာ ဖော်ပြလာတာ တွေ့ရပါတယ်။ အဆိုပါ ဗိုင်းရပ်စ်အသစ်ကို Langya လို့အမည်ပေးထားပြီး အသက်ဆုံးရှုံးနိုင်ချေရှိကာ လက်ရှိမှာ လူ ၃၅ ဦး ကူးစက်ခံထားပြီလို့ သိရပါတယ်။

Photo Credit - From google
Photo Credit - From google
Photo Credit - From google
Photo Credit - From google

ရောဂါကူးစက်မှုဟာ ရှန်ဒေါင်းနဲ့ ဟီနန်ပြည်နယ်တွေမှာ စတင်ဖြစ်ပွားနေတယ်လို့ ယူဆထားပေမယ့် လူကနေ လူသို့ ကူးစက်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ယခုအချိန်အထိ အဆိုပါကူးစက်ခံထားရတဲ့ လူများထဲမှ တစ်ဦးတစ်ယောက်မျှ အပြင်းဖျားခြင်း (သို့မဟုတ်) သေဆုံးခြင်း မရှိသေးကြောင်း ထိုင်ဝမ်ရောဂါထိန်းချုပ်ရေးစင်တာ (CDC) မှ The Taipei Times ၏ အစီရင်ခံစာအရ သိရပါတယ်။

Photo Credit - From google
Photo Credit - From google
Photo Credit - From google
Photo Credit - From google

လက်ရှိမှာ တုပ်ကွေးလိုမျိုး လက္ခဏာဖြစ်ပေါ်နေတဲ့ လူနာပေါင်း ၂၆ ဦးရှိပြီး သူတို့တွေဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပျို့အန်ခြင်းနဲ့ ခေါင်းကိုက်ခြင်း ဝေဒနာတွေကို ခံစားရကြောင်းလည်း တွေ့ရှိရပါတယ်။

သတင်း အရင်းအမြစ်Source - Daily Star

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T