ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့ သခင်ကို ကားလမ်းကူးပေးခဲ့တဲ့ ခွေးကလေး

//s9.kh1.co/83/837b2e4a8bdeb554f05d0401d83a298d1771008d.jpg
နေ့စဉ်သတင်းများ

 ၀၆-သြ-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

ခွေးတွေဟာ လူသားတွေရဲ့ အကောင်းဆံုးသူငယ်ချင်းပါပဲ.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဒီအခိုက်အတန့်မှာ သစ္စာရှိခွေးတစ်ကောင်က ဘီးတပ်ကုလားထိုင်နဲ့သွားလာနေရတဲ့ ပိုင်ရှင်ကို ဘေးကင်းစွာနဲ့ လမ်းဖြတ်ကူးပေးခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့တုန်းက မက္ကဆီကိုနိုင်ငံ၊ Ecatepec ရှိ လမ်းတစ်ဖက်ဆီ တွန်းပို့ခြင်းမပြုမီ မီးရောင်ပြောင်းရန် စောင့်ဆိုင်းနေတဲ့ အိမ်မွေးတိရစ္ဆာန်ကို TikTok ဗီဒီယိုမှာ ပြသခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d1/d181321546162e6ae522c5e79cd1693aeaa2b646.jpg

အဲ့နောက် အခင်ဆုံးသူငယ်ချင်း နှစ်ယောက်ဟာ ရှုပ်ထေွး‌ေနတဲ့ ကားလမ်းဖြတ်ကူးပြီးနောက် ခရီးဆက်ခဲ့ကြပါတယ်။ အဆိုပါဗီဒီယိုဟာ လူမှုမီဒီယာပလပ်ဖောင်းပေါ်မှာ ရေပန်းစားခဲ့ပြီး အသုံးပြုသူများဟာ တိရစ္ဆာန်ရဲ့ သစ္စာစောင့်သိမှုအတွက် ချီးကျူးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=634,h=903,q=100/7d/7dfbe63ddab834e45b78841b30889a7afc0cb52c.jpg
https://s9.kh1.co/__image/w=636,h=358,q=100/a9/a9b5f4d43ac0c9e9f04d4ffffbb28652432be61f.jpg

လူတစ်ယောက်က " တိရစ္ဆာန်များဟာ ခွဲခြားမဆက်ဆံကြသလို အဝေးကနေ မလှောင်ပြောင်ကြဘူး " လို့ရေးခဲ့ပြီး နောက်တစ်ယောက်က " (သူတို့က) ငါတို့အားလုံး ပေါင်းစည်းထားတာထက် လူသားဆန်တာကို ပြသတတ်ကြတယ်။ " လို့ရေးသားခဲ့ပါတယ်။ ခွေးများဟာ လူသား‌ေတွရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်လာခြင်းအတွက် မျိုးရိုးဗီဇဆိုင်ရာ သဲလွန်စများကို ပြီးခဲ့တဲ့လက သုတေသီများ ရှာဖွေတွေ့ရှိပြီးနောက် ဒီရုပ်သံ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=615,h=1095,q=100/c6/c68e0f91476b65448271e5411d9d97da89d75e78.jpg

သတင်း အရင်းအမြစ်Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T