တစ်ချို့လူတွေဟာ ဒိတ်လုပ်ရတာနှင့်ပတ်သက်ပြီးအတော်လေးစိတ်ရှုပ်တတ်ကြပါတယ်။ ဒီလိုဒိတ်တင်းလုပ်ရတာနှင့်ပတ်သက်ပြီး ဖြစ်တတ်တဲ့ စိတ်ရှုပ်ထွေးမှုတွေကို လျော့ချဖို့နည်းလမ်းတွေကိုဖော်ပြပေးသွားပါမယ်။ အရင်ဆုံး ဒိတ်လုပ်ရတာကို ချစ်သူအဖြစ်ရွေးချယ်ရမယ်ဆိုတဲ့စိတ်မထားဘဲ သူငယ်ချင်းအသစ်နှင့်တွေ့သလိုမျိုးစိတ်ထားလိုက်သင့်ပါတယ်။
လေးနက်တဲ့ခံစားချက်တွေနှင့်မစတင်ဘဲနဲ့ သူငယ်ချင်းအသစ်တစ်ယောက်လိုမျိုးပဲစတင်ပြီးဆက်ဆံသင့်ပါတယ်။ ဒိတ်လုပ်ခြင်းဟာ အမြဲတမ်းချစ်သူဖြစ်သွားခြင်းနဲ့ အဆုံးမသတ်နိုင်ပါဘူး။ ဒါကြောင့် တစ်ဖက်လူအပေါ်မှာလည်း မျှော်လင့်ချက်တွေအများကြီးပုံအပ်ထားတာမျိုးမလုပ်သင့်ပါဘူး။
တစ်ခါဒိတ်လုပ်ရုံနှင့်တစ်ဖက်လူကို ယတိပြတ်အကဲဖြတ်လိုက်တာမျိုးလည်းမလုပ်သင့်ပါဘူး။ များသောအားဖြင့် ပထမဆုံးတွေ့ဆုံမှုဟာ စိတ်လှုပ်ရှားတတ်ကြတာကြောင့် အဆင်ပြေချောမွေ့နေတာမျိုးရှားပါးပါတယ်။