ဆက်ဆံရေးတစ်ခုမှာ တစ်ဖက်လူကိုမမေးသင့်တဲ့မေးခွန်းတွေအများကြီးရှိပါတယ်။ ဒီလိုမေးခွန်းတွေဟာ တစ်ဖက်ပါတနာကိုချောင်ပိတ်ဖမ်းသလိုဖြစ်စေနိုင်တဲ့အပြင် စိတ်ဒဏ်ရာရသွားတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာကို ထိပါးတဲ့မေးခွန်းတွေ အထူးသဖြင့် တစ်ဖက်လူမသိစေချင်တဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာကိုအတင်းမေးခြင်းက မဖြစ်သင့်တဲ့အကြောင်းအရာပါ။ ဒီလိုမေးခွန်းတွေဟာ တစ်ဖက်လူကိုစိတ်ဒဏ်ရာရသွားအောင်ပါ ဖြစ်စေနိုင်ပါတယ်။
ကတိကဝတ်ကိုအတင်းတောင်းခံပြီးအာမခံခိုင်းတာမျိုးကလည်း ဆက်ဆံရေးတွေကြားမှာမမေးသင့်တဲ့မပြောသင့်တဲ့အရာတွေပါ။ ဒီလိုကတိတွေဆိုတာ ကာယကံရှင်ကိုယ်တိုင်က လိုလိုလားလားပေးမှသာယူထားသင့်တဲ့ အရာဖြစ်တာကြောင့် အတင်းတောင်းဆိုမေးခွန်းထုတ်နေတာဟာ တစ်ဖက်လူကိုအခက်တွေ့စေနိုင်ပါတယ်။
သံသယဝင်နေတာကိုမေးခွန်းတွေနှင့်မေးပြီး တစ်ဖက်လူချောင်ပိတ်မိအောင်လုပ်တာကလည်း ဆက်ဆံရေးကိုပိုဆိုးဝါးစေနိုင်တဲ့အရာဖြစ်ပါတယ်။ များသောအားဖြင့် လူအများစုဟာ သဝန်တိုတယ်ဆိုတဲ့ခေါင်းစဥ်အောက်ကနေ တစ်ဖက်လူကိုလွန်ကဲတဲ့မေးခွန်းတွေ မေးပြီး အဆင်မပြေအောင် လုပ်ကြလေ့ရှိပါတယ်။