လမ်းခွဲပြီးနောက် မလုပ်သင့်တဲ့အရာများ

//s9.kh1.co/2f/2f06561ce12fff30bde5fe19e35fbb17b05362a3.jpg
MPT Lifestyle

 ၂၆-မတ်-၂၀၂၄ ၁၂pm · လွန်ခဲ့သော တစ်လ က

လမ်းခွဲပြီးနောက် မလုပ်သင့်တဲ့အရာများ

ဆက်ဆံရေးတစ်ခုမှာ လမ်းခွဲပြီးနောက်ပိုင်း ဆက်သွယ်တာဟာ လုံးဝမလုပ်သင့်ပါဘူး။ ကြည်ကြည်ဖြူဖြူလမ်းခွဲခဲ့တယ်ဆိုရင်တောင်မှ လမ်းခွဲခြင်းဟာသူငယ်ချင်းတွေပြန်ဖြစ်စေဖို့ခက်ခဲနိုင်တာကြောင့် အဆက်အသွယ်တွေမလုပ်သင့်ပါဘူး။ စိတ်ခံစားချက်အဆင်မပြေဖြစ်နေချိန် ဥပမာ မူးနေချိန်လိုမျိုးမှာ လမ်းခွဲပြီးသွားတဲ့သူကိုဖုန်းခေါ်ပြီး ငိုယိုတာမျိုးရင်ဖွင့်တာမျိုးမလုပ်သင့်ပါဘူး။

https://s9.kh1.co/__image/w=564,h=846,q=100/bc/bc2b34fd33d633f954278718fea437b5ffaed6b8.jpg

သူရဲ့ဆိုရှယ်မီဒီယာအကောင့်တွေကိုလိုက်ပြီးကြည့်တာ စုံစမ်းတာ နောက်ထပ်ဘယ်သူနှင့်တွဲသွားတာမျိုးကိုလည်း လုံးဝမလုပ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းဟာ သိချင်စိတ်ကိုပိုဖြစ်လာစေပြီးတော့ ပိုပြီးသံယောဇဥ်မဖြတ်နိုင်ဖြစ်လာစေမှာပါ။ အသည်းကွဲသီချင်းတွေနားထောင်ပြီး အချိန်တိုင်းဝမ်းနည်းနေတတ်တာမျိုးကလည်း စိတ်ခံစားချက်ကိုပိုဆိုးလာစေမှာကြောင့် ဖြစ််နိုင်ရင် ဝမ်းနည်းစရာကောင်းတဲ့သီချင်းတွေနားထောင်တာ ရုပ်ရှင်တွေကြည့်တာကိုရပ်ထားသင့်ပါတယ်။

https://s9.kh1.co/__image/w=563,h=691,q=100/4f/4f8fd1862bdb081a7276fd5f3ce5c6d3f0a80227.jpg

နောက်ဆုံးတစ်ခုကတော့ နှစ်အကြာကြီးတွဲလာတဲ့သူတွေလုပ်လေ့ရှိတဲ့အရာပါ။ လမ်းခွဲပြီးနောက်မကြာခင်မှာ ဆက်ဆံရေးအသစ်တစ်ခုကိုတည်ဆောက်တာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ မလိုလားအပ်တဲ့ အထင်လွဲမှုတွေဖြစ်လာစေနိုင်သလို ဖြေရှင်းလို့မရတဲ့နောက်ဆက်တွဲတွေကိုလည်း ဖြစ်လာစေပါလိမ့်မယ်။ 

https://s9.kh1.co/__image/w=564,h=1002,q=100/12/12b7a938cb5c6bf383d7b69bcbb2dcd8e008a315.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T