ငါးပါတူး india ချက်လေး ချက်စားကြမယ်

//s9.kh1.co/a9/a9b7ad5cd3caad55848acf53d1e06aa564cf9470.jpg
MPT Lifestyle

 ၂၂-မတ်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

ငါးပါတူးindia ချက်လေး ချက်စားကြမယ်

ငါးပါတူးကို india လို ချက်စားကြရအောင် ထမင်းအရမ်းမြိန်တဲ့ ငါးဟင်းလေး ဖြစ်လို့ အိမ်မှာချက်စားလို့အဆင်ပြေအောင် ဖော်ပြပေးလိုက်ပါတယ်နော်

https://s9.kh1.co/__image/w=650,h=342,q=100/c5/c573dbf6bdac0b5dd80ee6b8b139a08532b351d6.jpg

လိုအပ်တာကတော့

 ငါး - 1 ကီလိုဂရမ်

ငရုတ်ကောင်း – ၇ လုံးမှ ၈ တောင့်/ခရမ်းချဉ်သီး

ဂျင်း – ၁လုံး/ကြက်သွန်ဖြူ – ၆ လုံးမှ ၇ လုံး/ဟင်းရွက် – ၃ ပင်

ငရုတ်သီးစိမ်း – ၃ တောင့်/မန်ကျည်းသီး – ဘောလုံးအသေး

နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း/နံနံမှုန့် – လက်ဖက်ရည်ဇွန်း ၁ ½ ဇွန်း

ငရုတ်သီးအနီမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း/ပဲမှုန့် - 1 tsp

မုန်ညင်းစေ့ - 1 tsp/ဆား - 1 tsp

ဆီ - ၃ ဇွန်း

https://s9.kh1.co/__image/w=650,h=342,q=100/57/57aa4c92ee16e979cf76debfe713fecd335c5411.jpg

ငါးကို အညှီနံ့ပျောက်အောင် သေချာဆေးပါ ဆီသတ်ပြီးတော့  ငရုတ်ကောင်း ဂျင် ကြက်သွန်ဖြူ ငရုတ်သီးစိမ်း နံနံမှုန့် ငရုတ်သီးအနီမှုန့် မုန်ညင်းစေ့ ရောထောင်းပြီး ဆီသတ်တဲ့ အိုးထဲထည့်ပါ အနံ့မွှေးလတာတဲ့ အထိ ထားပေးပါ ရေနည်းနည်းစီထည့်ပေးပြီး မွှေးပေးပါ ပြီးရင်တော့ အညှီနံ့ပျေက်နေတဲ့ ငါးကို ထည့်ပါ ခဏလောက် အဖုံး ဖုံးထားလိုက်ပါ ငါးအိုး ပွပွ ဆူလာပြီ ဆိုရင်တော့ မန်ကျည်းသီး ကို ရေနည်းနည်း နဲ့ ဖျော်ပါ ပြီးရင်တော့ ပွပွဆူနေတဲ့ ငါးအိုးထဲ ထည့်ပါ ပြီးရင် တော့ ခဏလေး ကျက်အောင်ထားပြီး တော့ စားရန် အသင့်ဖြစ်ပါပြီ

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T