မျောက်ကျောက်ရောဂါဖြစ်ပေါ်လာမှု ပြင်းထန်လာတဲ့အတွက် WHO က အရေးပေါ်အစည်းအဝေးခေါ်ယူပြီ

//s9.kh1.co/7c/7cee2a382e107983b65ed7218f9c469c90127bd6.jpg
နေ့စဉ်သတင်းများ

 ၂၁-မေ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဥရောပနိုင်ငံတွေမှာ Monkeypox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါ......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဥရောပနိုင်ငံတွေမှာ Monkeypox လို့ အမည်ရတဲ့ မျောက်ကျောက်ရောဂါဖြစ်ပွားသူပေါင်း လူဦးရေ (၁၀၀) ကျော်အထိရှိလာတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အရေးပေါ်အစည်းအဝေး ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သိပ်မကြာသေးခင်ကမှ ဖြစ်ပွားလာတဲ့ Monkeypox ခေါ် မျောက်ကျောက်ရောဂါဟာ အာဖရိက အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ကူးစက်မှု ပိုမိုများပြားလာခဲ့တဲ့အတွက် ယမန်နေ့က မေလ (၂၀)ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရေးပေါ်အစည်းအဝေး ခေါ်ယူလိုက်တာလို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီရောဂါဟာ ဂျာမနီနိုင်ငံ မှာဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့မှာလည်း ဒီရောဂါကို တွေ့ရှိနေရပြီလို့ သတင်းကြားသိရပါတယ်။ ဒီရောဂါရဲ့သိသာထင်ရှားတဲ့ ရောဂါလက္ခဏာကတော့ ခန္ဓာကိုယ်ပေါ်မှာ ကြီးမားတဲ့အဖုအပိန့်တွေထွက်လာတာလို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အစည်းအဝေးမှာတော့ ဒီရောဂါနဲ့စပ်လျဉ်းပြီး ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေနဲ့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T