မုန်တိုင်းအရှိန်​ကြောင့် ထိုင်းနိုင်ငံ​မြောက်ပိုင်း ခရိုင်တချို့မှာ ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်

//s9.kh1.co/8b/8bfe7d4db023295c6aae8c7ac1c2db9b4712b2f6.jpg
နေ့စဉ်သတင်းများ

 ၂၁-မေ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ယခုတလော မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံတွေမှာလည်း မုန်တိုင်းများဝင်ရောက်ခြင်းနှင့်အတူ မိုးသက်လေပြင်းများကျရောက်ပြီး ရေကြီးရေလျှံမှုပါ ဖြစ်ပေါ်လျက်ရှိတာ တွေ့ရပါတယ်။ ယခုမှာလည်း ထိုင်းနိုင်ငံအတွင်းမှာ ရေကြီး​ရေလျှံ​နေသည့်မြင်ကွင်းတချို့ လူမှုကွန်ယက်ပေါ်ပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - Mingalapar
Photo Credit - Mingalapar
Photo Credit - Mingalapar
Photo Credit - Mingalapar
Photo Credit - Mingalapar
Photo Credit - Mingalapar

ဒါကတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ထိုင်းနိုင်ငံ​မြောက်ပိုင်းခရိုင်တချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ​ရေကြီး​ရေလျှံ​မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်ခဲ့တာပါ။ အချို့နေရာတွေမှာ ချောင်းရေများတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျမှုတွေအပြင် တောင်နံရံများပြိုကျမှုများပါ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo Credit - Mingalapar
Photo Credit - Mingalapar
Photo Credit - Mingalapar
Photo Credit - Mingalapar

ရေများဝင်ရောက်ခဲ့တဲ့ အနိမ့်ပိုင်းနေရာတွေမှာဆိုရင် ၄ ပေလောက်အထိ ရေများမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေတဲ့ နေရာတွေကို ထိုင်းလူမှုရေးအသင်းများက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ ခရိုင်တချို့ဟာ နှစ်စဥ်နှစ်တိုင်း မိုးရာသီကာလတွေမှာ ရေကြီးရေလျှံမှုတွေ ပိုမိုဖြစ်ပေါ်လာခဲ့တာ တွေ့ရပါတယ်။

Photo Credit - Mingalapar
Photo Credit - Mingalapar

သတင်း အရင်းအမြစ်Source - Mingalapar

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T